Wednesday, July 18, 2012

တစ်ပါးမြေတွင် စည်းလုံး၍ စည်းကမ်းရှိကြရန် သီတဂူဆရာတော် ချင်းမိုင်တွင် မိန့်ကြား

Ever November | 7/18/2012 09:08:00 AM | Best Blogger Tips
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းတွင် သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရက ယမန်နေ့ ဇူလိုင်(၁၆)ရက်နေ့ ညပိုင်းက မြန်မာလူမျိုး(၅၀၀)ကျော်အား တရားဟောကြားပို့ချခဲ့ကြောင်း သိရှိ ရသည်။
 
ဆရာတော်မှာဘုရင့်နောင်လက်ထက်ကတည်းက မြန်မာတွေတည်ထားကိုးကွယ်ခဲ့တဲ့ ရှေးဟောင်းအမွေ
အနှစ်များအား ထိန်းသိမ်းစောင့်ရှောက်သွားကြရန်ရည်ရွယ်၍ တရားဟောခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
ရှေးဟောင်းအမွေအနှစ်များအားထိန်းသိမ်းစောင့်ရှောက်ရာ၌ ငွေကြေး၊ရုပ်ဝတ္တု၊လူသားအရင်းအမြစ်နှင့် 
 တွေးခေါ်မျှော် မြင်မှုသည်အဓိကကျကြောင်း၊အခြားနိုင်ငံတွင်စည်းကမ်းရှိရှိညီညီညွတ်ညွတ်ငြိမ်းချမ်းစွာဖြင့် ထိန်းသိန်းကြရန်အတွက်   မြတ်စွာဘုရားဟောကြားဆုံးမခဲ့သောတရားတော်များအတိုင်း အထောက်အထားဖြင့် ဟောကြားခဲ့ခြင်းဖြစ်သည်။
 
သီတဂူဆရာတော်သည်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ဇူလိုင်လ(၁၅)ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီးချင်းမိုင်
သို့ ကြွရောက်ခြင်းမပြုမီ မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း တရားပြခဲ့၍ ဒေါက်တာ စင်သီယာမောင် ဆေးခန်းသို့  ထိုင်းဘတ်ငွေ(၅၀၀၀၀)လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
 
‘’ဒီမှာရောက်နေတဲ့ မြန်မာတွေဆရာတော်ရဲ့တရားပွဲကိုလာတာတော်တော်များတယ်၊ မြန်မာဒကာဒကာ
မတွေကော၊ မီဒီယာသမားတွေနဲ့ ဒီမှာရောက်နေတဲ့ မြန်မာလူမျိုးအားလုံးနီးပါးလာရောက်ဖူးမျှော်ကြတယ်၊ ကျွန်တော့်ဘ၀မှာ သီတဂူဆရာတော်ရဲ့ တရားကို ကိုယ်တိုင်ကိုယ်ကျ နားထောင်းဖူးတာ ဒါပထမဆုံးပါပဲ”ဟုချင်းမိုင်ရှိမီဒီယာအဖွဲ့အစည်းတစ်ခုတွင်တာဝန်ထမ်းဆောင်နေသော မြန်မာလူမျိုး
တစ်ဦးက ပြောသည်။
 
ဝပ်ဆိုင်မွန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသြဘာသပျံလွန်တော်မှုပြီးနောက် အဆိုပါကျောင်းတွင် ထိုင်းကျောင်းထိုင်ဘုန်းကြီးတစ်ပါးကျောင်းထိုင်ရန်အတွက် ထိုင်းသံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်ခဲ့၍ ကျောင်းအပ်ပွဲကျင်းပရန်စီစဉ်ခဲ့သော်လည်း ထိုင်းနိုင်ငံရောက် မြန်မာဒကာ၊ဒကာမများက ကန့်ကွက်ဆန္ဒပြခဲ့ ကြသည့်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းသာသနာ့ရေးရာမှ တာဝန်ရှိသူများ ဆက်လက်ဆွေးနွေးဆဲ ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
လက်ရှိအချိန်တွင် မြန်မာသံယာများသီတင်းတသုံးနေသည့်ဝပ်ဆိုင်မွန်းဘုန်းကြီးကျောင်းတွင် မြန်မာ
ဘုန်းတော်ကြီးများ  ကျောင်းထိုင်နိုင်ရေးအတွက်ဘန်ကောက်သံရုံးကလိုက်လံဆောင်ရွက်ပေးလျက်
ရှိကြောင်းကိုလည်း သိရှိရသည်။
   
သီတဂူဆရာတော်သည်ယနေ့ ဇူလိုင်လ(၁၇)ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွေကျွန်းနှင့် ဇူလိုင် ၁၈ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ဖူးခတ်နှင့် ဖန်ငခရိုင်တွင် တရားဟောကြားမည်ဖြစ်ပြီး  ဘန်ကောက်သို့ ပြန်လည် ရောက်ရှိကာ ဇူလိုင် ၁၉ ရက်နေ့တွင် အမေရိကားသို့ ပြန်လည်ကြွချီမည်ဖြစ်သည်။
အောင်အောင်-ချင်းမိုင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1