Monday, July 2, 2012

တက္ကစီကားတင်သွင်းရန် စိတ်ဝင်စားသူနည်းပါးလျက်ရှိကြောင်း သိရ

Ever November | 7/02/2012 09:06:00 PM | Best Blogger Tips
ပြည်ပမှကားများတင်သွင်းကြရာတွင် လွတ်လပ်စွာတင်သွင်းခွင့်ပြုထားသော်လည်း အများစုမှာ အိမ်စီးကားများသာ တင်သွင်းကြပြီး တက္ကစီကား တင်သွင်းရန် စိတ်ဝင်စားသူနည်းပါးနေသေးကြောင်း ကားအကျိုးဆောင်များထံက သိရှိ ရသည်။

“အများစုက တက္ကစီထောင်လိုကြပေမယ့် ကုမ္ပဏီတွေကို တက္ကစီသီးသန့်ထောင်ခွင့်တွေ ပေးထားတဲ့ အပြင် အငှားယာဉ်တွေအနေနဲ့ကလည်း ကိုယ်ပိုင်ယာဉ်နံပါတ်အနက်ပြန်ပြောင်းလို့မရတာတွေကြောင့် လောလောဆယ်မှာတင်သွင်းသူ အတော်နည်းပါတယ်” ဟု ပြည်လမ်းရှိ နာမည်ကြီးကား အရောင်း စင်တာတစ်ခုမှ တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိတွင် တက္ကစီကားတင်သွင်းမည်ဆိုပါက အခွန်ငွေကျပ် (၁၀)သိန်းနီးပါးခန့် သက်သာနိုင်သော် လည်း အများစုမှာ တက္ကစီအဖြစ်အသုံးပြုရန်ကားသစ်များကိုနှမြောနေကြခြင်းမျိုးလည်းဖြစ်နိုင်ကြောင်း ကားအကျိုးဆောင်အသိုင်းအ၀ိုင်းက သိရှိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဋ္ဌာန(က.ည.န) က ထုတ်ပြန်ချက်များအရ သက်တမ်းအနှစ် (၂၀)မဟုတ် ဘဲ တက္ကစီအဖြစ်အသုံးပြုနေသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိဆန္ဒအရ အသစ်ပြန်လည်တင်သွင်း နိုင်ကြောင်းနှင့် ကိုယ်ပိုင်ယာဉ်အဖြစ်ပြောင်းလဲခွင့်မပြုသည့်ကန့်သတ်ချက်ဖြင့် အခွန်(၈၀)ရာခိုင်နှုန်း ခန့် လျှော့ချကောက်ခံသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အစိုးရဌာနနှင့် ပုဂ္ဂလိကကုမ္ပဏီများက အကျိုးတူပူးပေါင်းဆောင်ရွက်မှုများအတွက် တင်သွင်းယာဉ် များတွင် သက်တမ်းတစ်လျှောက်တက္ကစီအဖြစ်သာ အသုံးပြုရန်ဖြစ်ပါက ကိုယ်ပိုင်ယာဉ်အဖြစ် ပြောင်း လဲခြင်း၊ ရောင်းချ၍ အမည်ပြောင်းလဲခွင့် မရှိဘဲ (၃၀)ရာခိုင်နှုန်းခန့် လျှော့ချပေးမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် မှတ်ပုံတင်သက်တမ်း တစ်လျှောက် အငှားယာဉ်အဖြစ် အသုံးပြုရန်အတွက် တင်သွင်းမည့် ယာဉ်များအား နယ်မြေ ပြောင်း လဲခြင်း၊ ကိုယ်ပိုင်ယာဉ် ပြောင်းလဲခြင်းများ၊ မပြုလုပ်ရသည့် ကန့်သတ်ချက်ဖြင့် (၅၀)ရာခိုင်နှုန်း လျှော့ချကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

“အခု ကားဟောင်းတွေကလည်း ဈေးကျမယ့်အတူတူ တက္ကစီပြောင်းလဲကြတာနဲ့ တက္ကစီတွေက လည်း ပိုပြီးပေါလာကြတာကြောင့် ကားအနည်းငယ်နဲ့ တက္ကစီ ထောင်စားသူတွေထွက်ပေါ်လာဖို့ခဲယဉ်းပေမယ့် နယ်မြို့တွေမှာတော့ တက္ကစီလုပ်ငန်း တွင် ကျယ်လာပါလိမ့်မယ်၊ မကြာမီမှာပဲ နယ်တွေမှာ ကားတွေပေါလာ တာနဲ့အမျှ ဈေးကြီးလှတဲ့ တက္ကစီကားခတွေ   ဈေးကျသွားနိုင်ပါတယ်။ ရန်ကုန်အနေနဲ့ကတော့ ကားဘယ်လောက်  ကောင်း ကောင်း တက္ကစီခက အများကြီးတက်လို့မရပါဘူ။ အခု ရန်ကုန်မြို့လယ်ကောင်မှာ တက္ကစီအနေနဲ့ တိုယိုတာဘီတာနဲ့ ပရိုဘောစ်တို့၊ စက်ရုပ်တို့လိုကားတွေကိုတောင် တွေ့နေရပြီ” ဟု ပရိုဘောက်စ် ကားအား နံပါတ်အနီပြောင်းလဲထားသည့် ယာဉ်ပိုင်ရှင်တစ်ဦး ဦးဟန်ထွန်းက ပြောကြားခဲ့သည်။

တက္ကစီဈေးကွက်မှာ ကားများလာသည်နှင့်အမျှ နယ်မြို့များတွင် အငှားကားဈေးကွက်မှာလည်းတွင် ကျယ်လာမည်ဖြစ်ကြောင်းနှင့် နယ်ဒေသများတွင် ကားပေါများလာသည်နှင့်အမျှ ရန်ကုန်ရှိ တက္ကစီ ကားခနှုန်းထားများလည်း လျော့ကျသွားနိုင်ကြောင်းကိုလည်း ခရီးသွားများထံက သိရှိရသည်။

တက္ကစီအဖြစ်ကားသစ်တင်သွင်းမှုမှာ လွန်ခဲ့သောတစ်လခန့်က အစီးရေ(၁၇၀)ကျော်သာ တင်သွင်းမှုရှိခဲ့ကြောင်း၊လက်ရှိအချိန်တွင်တင်သွင်းမှုများအားဆက်လက်စာရင်းပြုစုလျက်ရှိကြောင်း
 မြင်သာ (က.ည.န)က သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1