Monday, July 2, 2012

လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင်ဂုံးကျော် တည်ဆောက်မှု ကုန်ကျစရိတ်များအား အသေးစိတ်တွက်ချက် အတည်ပြုပြီးပါက ကြေညာပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅ သန်း ကုန်စရာမရှိဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းပြောကြား

Ever November | 7/02/2012 10:16:00 AM | Best Blogger Tips
နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲတွင် 
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရှင်းလင်းနေစဉ်

လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင် ဂုံးကျော်တံတားများတည်ဆောက်မှု ကုန်ကျစရိတ်များအား အသေးစိတ်တွက်ချက်ကာ အတည်ပြုပြီးပါက ကြေညာပေးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄၅ သန်း ကုန်ကျစရာ မရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့်တွေ့ဆုံပွဲတွင် လှည်းတန်းဂုံးကျော်နှင့် ဘုရင့်နောင်ဂုံးကျော်များ တည်ဆောက်မှုအတွက် ကုန်ကျငွေတောင်းခံသည့် မေးမြန်းချက်ပေါ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက ထိုသို့ ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက''အမေရိကန်ဒေါ်လာ ၄၅ သန်းက နောက်မှ ဖြစ်ပေါ်လာတဲ့ကိစ္စပါ။ သူက(ဂုံးကျော်တံတားများ)Cost တွက်ရတယ်။ အဲဒီ Costing ကို မြို့တော်ဝန်နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာက စစ်ဆေးတယ်။ အဲဒါလည်း ခင်ဗျားတို့ သွားစစ်ရင်လည်း အချိန်မရွေး စစ်ဆေးခွင့်ရှိတယ်။ ခင်ဗျားတို့က စစ်ချင်တယ်ဆိုလည်း ကျွန်တော်က ပြောပြပေးမယ်။ သွားကြည့်ပါ''ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆက်လက်၍''ဘုရင့်နောင်ကျတော့ တခြားအဖွဲ့ လုပ်တာ ဘုရင့်နောင်လမ်းကလည်း အလွန်တရာ အခက်အခဲ ဖြစ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကိုတင် ဒီဇိုင်းကိုစစ်၊ ကြိုက်ရင် ခင်ဗျားတို့နဲ့ စာချုပ်ချုပ် ဘယ်လောက်ကျမလဲ အ သေးစိတ် တွက်ရမယ်။ နောက်ပြီးတော့မှ အတည်ပြုပေးမှာ။ အတည်ပြုပြီးမှ ဘယ်လောက်ကျသလဲဆိုတာ ကြေညာမှာ။ အခုတော့ တန်းလန်းဖြစ်နေတယ်။ ပြီးရင်ကြေညာမှာ အခုတော့ မကြေညာဘူး။ သွားကြည့်ရင်ရတယ်။ ဘယ်ကုမ္ပဏီဗျာ ကျွန်တော်ကြည့်ချင်ပါတယ်ဆို ရတယ်။ မရှိမဖြစ်တော့ ဒီလိုသွားနေရတယ်။ အစိုးရအနေနဲ့ကလည်း ဘတ်ဂျက်က Law အနေနဲ့ သွားထားတော့ မပါဘူး။ လတ်တလောမှာလည်း ဒီပြဿနာရှိနေတယ်။ ရှိ တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီလိုလုပ်ပါ ဘယ်လောက်ကျတယ်ဆိုတာ တိတိကျကျတွက်ပြီးမှ ကျွန်တော်တို့ ဘယ်လိုကောက်မလဲ။ ဂုံးကျော်တံတားပေါ်မှာတော့ တိုးဂိတ်က ကောက်လို့မရဘူးလေ။ BOT လည်း မဟုတ်ဘူး။ Build Transfer ပြီးရင် လွှဲမယ်။ Opreate လုပ်ရမှာက ရန်ကုန်တိုင်းဒေသကြီး အစိုးရက လုပ်ရမှာ။ သူတို့မလုပ်ဘူး (တည်ဆောက်သည့် ကုမ္ပဏီ)၊ သူတို့လည်း အကြာကြီး ဒီလိုပေးတာ မဟုတ်ဘူး။ အပ်လိုက်တဲ့သဘောပဲ။ အဲဒါတွေ ကျွန်တော်တို့ လုပ်နေတယ်။ တာမွေကျတော့ လုပ်ဖို့မလိုဘူး။ ပလက်ဖောင်းတွေ လှီးလိုက်ရင် Traffic နဲ့ အဆင်ပြေတယ်ဆိုတော့ မလုပ်တော့ဘူး။ နောက်တစ်ခုက ရွှေဂုံတိုင်နဲ့ မြေနီကုန်းက လိုအပ်တယ်။ ရွှေဂုံတိုင်ကို အခု ရန်ကုန်တိုင်းဒေသကြီးအစိုးရက စဉ်းစားပြီး ဒီဇိုင်းထုတ် နေတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရက လုပ်တဲ့ကိစ္စဖြစ်ပါတယ်။ ကျွန်တော်က ၀ိုင်းဝန်းပြီးတော့ ကူညီပေးတဲ့အကြောင်းပဲ ရှိပါတယ်။ ၄၅ သန်း ကုန်ကျစရာလည်း အကြောင်းမရှိပါဘူး။ ၀န်ကြီး ဦးအောင်မင်းက ကားဟောင်းလဲပြီး ကားသစ်သွင်းရာကနေ Tax တွေက နိုင်ငံခြားငွေအနေနဲ့ ရှိနေတော့ သူက ဒီငွေတွေနဲ့ ရန်ကုန်တိုင်းမှာ လမ်းတွေဖွံ့ဖြိုးစေချင်တယ်။ အဲဒီအထဲက ငွေအချို့ကို သုံးလို့ရတယ်လို့ သမ္မတကြီးဆီ အကြံပြုတယ်။ သမ္မတကြီးက မူအားဖြင့် သဘောတူ ထားတော့ ဒါလုပ်တုန်း Process ပါ။ ၄၅ သန်းလုံးကို ဒီတံတားအတွက် ပေးတာမဟုတ်ပါဘူး။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကို ထည့်ပေးတယ်။ ပြီးမှ ကျတာပြန်ချေရမှာ''ဟု ပြောကြားခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1