Sunday, July 22, 2012

အင်္ဂါဂြိုဟ်သို့ လူလိုက်ပါသည့် ယာဉ်များ စေလွှတ်ရန် အာကာသယာဉ်များ ရုရှားတည်ဆောက်

Ever November | 7/22/2012 11:38:00 PM | Best Blogger Tips

ရုရှားနိုင်ငံသည် လကမ္ဘာပေါ်တွင် အခြေစိုက်စခန်း တည်ဆောက်နိုင်ရေးအတွက် အာကာသယာဉ်များ တည်ဆောက်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် စမ်းသပ်မှုပြုလုပ်ရန် စီစဉ်ထားကြောင်း ရုရှားအာကာသအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ လကမ္ဘာပေါ်သို့ လူလိုက်ပါခြင်းမရှိသည့် စမ်းသပ်မှုကို ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး လူလိုက်ပါမည့် အာကာသယာဉ်ကို ၂၀၁၈ ခုနှစ်တွင် ပထမဆုံးအကြိမ် လွှတ်တင်ရန်စီစဉ်ထားကြောင်း သိရသည်။ ၄င်းအာကာသယာဉ်များသည် လကမ္ဘာပေါ်သို့ ဆင်းနိုင် တက်နိုင်ပြီး အာကာသအတွင်းရှိ အခြားယာဉ်များကိုပါ လကမ္ဘာပေါ်သို့ ဆင်းနိုင် တက်နိုင်ရန် ၀န်ေ်ဆာင်မှုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ လကမ္ဘာပေါ်သို့ အာကာသယာဉ်မှူးများအား ပို့ဆောင်ခြင်းသည် နိုင်ငံ၏ အာကာသမဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်တွင် အင်္ဂါဂြိုဟ်ပေါ်သို့ လူလိုက်ပါသည့် ယာဉ်များ စေလွှတ်ရန်အတွက် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း သိရသည်။ 
(အင်တာနက်)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1