Monday, July 23, 2012

၇၃ ဖုန်းပြင်ပဖုန်းဆိုင်များတွင် ဈေးမြင့်နေ

Ever November | 7/23/2012 06:40:00 PM | Best Blogger Tips

စီဒီအမ်အေ ၈၀ဝ မဂ္ဂါဟဇ် တွင် အသုံးပြုသော ဝ၉၇၃ ဖြင့်စ သော ဖုန်းများ ပြင်ပ ဖုန်းဆိုင်များ တွင် မူရင်းပေါက်ဈေးထက် များစွာ ဈေးမြင့်နေကြောင်း ပြင်ပ မိုဘိုင်းဖုန်း အရောင်းဆိုင်များ မှ စုံစမ်း သိရှိရသည်။ ယင်းဖုန်းများကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ယခုလ ၁ ရက်နေ့တွင် ပြန်လည်ချထား ပေးခြင်းဖြစ်ပြီး ကျပ်နှစ်သိန်းခွဲဖြင့် ချထားပေးခြင်း ဖြစ်သည်။
ယင်းသို့ ပြန်လည်ချထားပေးရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးများ၌ ရောင်းချပေးပြီး ပြင်ပဆိုင်
များတွင် One Stop Service အနေဖြင့် ရောင်းချနိုင်ခြင်း မရှိသောကြောင့် ဝယ်ယူသူရှိပါက ပြင်ပဖုန်းဆိုင် များတွင် ဈေးနှုန်းသုံးသိန်းဝန်း ကျင်အထိမြင့်တက်နေကြောင်းဈေး ကွက်အတွင်းမှစုံစမ်းသိရှိရသည်။
ဈေးကွက်အတွင်းရှိ မိုဘိုင်း ဖုန်းဆိုင်တစ်ဆိုင်က “၇၃ တွေက လိုင်းဆွဲအားကောင်းတယ်ဆိုပြီး လူကြိုက်များတော့ ဈေးက တော်တော်တက်ပါတယ်။ ဆိုင်တွေမှာပဲ One Stop Service နဲ့ ရောင်း လို့မရတဲ့အခါကျတော့ ဆိုင်တွေ က ရအောင်ဝယ်ထားတော့ ဈေး ကတက်တယ်။ အဲဒီတော့ သုံးသိန်း လောက် ဖြစ်နေတာရှိတယ်။ အဲဒီ လောက်ဈေးနဲ့ ဆိုတော့လည်း သိပ်မဝယ်ကြတော့ဘူး။ ဂျီအက်စ် အမ်ပဲ ဝယ်သွားကြတာရှိတယ်။ ဈေးကတော့ တစ်ဆိုင်နဲ့ တစ်ဆိုင် သိပ်မတူဘူးပေါ့။ ဆိုင်တွေမှာ လာ ဝယ်တယ် ဆိုတာကလည်း တချို့ ကအချိန်ပေးပြီး မသွားချင်တဲ့သူ တွေပေါ့။ ဈေးကြီးလည်း ကြီး ပါစေ၊ အပြင်ဆိုင်မှာပဲ ဝယ်မယ်ဆို တဲ့သူတွေရှိတယ်။ အဲဒီလို လူတွေ ရှိတော့ အပြင်ဆိုင်တွေကလည်း ရောင်းတာပါ။ ဝယ်ချင်တဲ့သူက လည်း ဝယ်သွားတာပါပဲ။ အ ရောင်းအဝယ်က အဲဒီလောက် အ များကြီး ဝယ်တာတော့ မဟုတ် ပါဘူး”ဟု ပြောသည်။
အခြားမိုဘိုင်းဖုန်းဆိုင်တစ် ဆိုင်ကလည်း “ ၇၃ ဖုန်းတွေက အပြင်ဆိုင်တွေမှာ ဝယ်ရတာ ဈေးပိုများပါတယ်။ ဈေးက ငါးသောင်း ပိုများတာလည်းရှိတယ်။ ဝယ်တဲ့ သူတွေကလည်း ဝယ်ကြပါ တယ်။ သုံးသိန်းလောက်ကခေါ် ဈေးလည်း ဖြစ်နေမှာပေါ့။ တချို့ ကလည်း အရင်နံပါတ် အဟောင်း ကိုင်ထားတဲ့သူရှိတယ်။ အဲဒီသူ တွေကလည်း ပြန်ရောင်းချင် တယ်။ တချို့ကလည်း အဲဒီနံ ပါတ် အဟောင်းကိုမှ လိုချင်တာ ရှိတယ်။ ခကျအသာနမ တွေက အ မျိုးမျိုးပါပဲ။ အဲဒီလိုမျိုးတွေ လည်း ရှိပါတယ်။ ၇၃ ကလိုင်းပိုကောင်း တယ်ဆိုပြီး ဈေးပိုပေးရတာပါ။အများအားဖြင့် ဈေးငါးသောင်း သက်သာတဲ့ ဂျီအက်စ်အမ်ကိုပဲ ကိုင်ကြပါတယ်”ဟုပြောသည်။
ယင်းဖုန်းများကို မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ယခုလ ၁ ရက်နေ့ တွင် ပြန်လည်ချထားပေးခြင်းဖြစ် ပြီး နှစ်သိန်းခွဲဖြင့် ပထမဆုံး ချထား ပေးခြင်းဖြစ်သည်။ ယခင်က ကျပ်ငါး သိန်းဖြင့် ချထားပေးစဉ်ကလည်း လိုင်းဆွဲအားကောင်းမွန်သောကြောင့်လူကြိုက်များသောဖုန်းဖြစ်ပြီးကျပ် ခြောက်သိန်းဝန်းကျင်အ
ထိပေါက်ဈေး ရှိခဲ့သော ဖုန်းများဖြစ်သည်။
Mobile Guide

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1