Sunday, July 22, 2012

ဆီးရီးယားတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်

Ever November | 7/22/2012 08:03:00 PM | Best Blogger Tips
 (ပစ်ခတ်မှုများကြောင့် မီးလောင်ပေါက်ကွဲမှုများဖြစ်ပေါ်နေသည့် ဒမတ်စကက်မြို့တစ်နေရာ)

ဆီးရီးယားသမ္မတ ဘရှားအာဆတ်၏ ရှေ့မှောက်တွင် ဆီးရီးယားကာကွယ်ရေးဝန်ကြီးသစ် Fahd Jassem al-Freij က ယနေ့ ကျမ်းသစ္စာကျိန်ဆိုသည်။ ကျမ်းသစ္စာကျိန်ဆိုအပြီး သမ္မတအာဆတ်နှင့် ကာကွယ်ရေးဝန်ကြီးသစ် Fahd Jassem al-Freij တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 
(ဆီးရီးယားသမ္မတ အာဆတ်နှင့် ကာကွယ်ရေးဝန်ကြီးသစ်တို့ တွေ့ဆုံစဉ်)
ယမန်နေ့က ဆီးရီးယားမြို့တော် ဒမတ်စကက်ရှိ လုံခြုံရေးတပ်ဖွဲ့ အဆောက်အအုံတွင် ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းအရာရှိများ အစည်းအဝေး ပြုလုပ်စဉ် ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် ကာကွယ်ရေးဝန်ကြီး၊ သမ္မတအာဆတ်၏ ယောက်ဖတော်စပ်သူ ဒုတိယ ကာကွယ်ရေးဝန်ကြီးနှင့် ဗိုလ်ချုပ်ကြီးတစ်ဦးတို့ သေဆုံးခဲ့သည်။
(တိုက်ပွဲများဖြစ်ပွားလျက်ရှိသည့် ဒမတ်စကက်မြို့မြင်ကွင်း)
 သမ္မတအာဆတ်အား လက်နက်ကိုင် ပုန်ကန်သူများက ယခုအခါ ဒမတ်စကက်မြို့တော်သို့ ချီတက်နေကြပြီး သမ္မတအာဆတ်ကလည်း ယမန်နေ့ ဗုံးခွဲတိုက်ခိုက်မှုအတွက် တုံ့ပြန်ဆောင်ရွက်ရန် စစ်တပ်အား တိုက်ရိုက်အမိန့်ပေး ညွှန်ကြားထားရာ ဆီးရီးယားတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။
သမ္မတအာဆတ်၏ ဗြိတိန်ဖွား ဇနီးဖြစ်သူ အက်စ်မာအာဆတ်မှာ ရုရှားသို့ တိမ်းရှောင်သွားပြီဖြစ်သည်။ဆီးရီးယား လက်နက်ကိုင်ဆန့်ကျင်သူများက သမ္မတအာဆတ်အစိုးရ၏ နောက်ဆုံးနေ့ရက်များ ရောက်ရှိလာတော့မည်ဟု ပြောကြားလျက် “ဒမတ်စကက်လွတ်မြောက်ရေး” ကြွေးကြော်သံနှင့်အတူ တိုက်ပွဲဝင်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

ဇူလိုင် ၁၉ ရက် နောက်ဆုံးသတင်းများအရ ဆီးရီးယားသမ္မတအာဆတ်အား လက်နက်ကိုင် ဆန့်ကျင်ပုန်ကန်နေသည့် အုပ်စုက ဆီးရီးယားနှင့်အီရတ် နှစ်နိုင်ငံနယ်စပ်ဒေသကို သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
Planet News   

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1