Monday, July 23, 2012

MCITP လက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် မဖြစ်မနေ Upgrade လုပ်ရတော့မည်

Ever November | 7/23/2012 06:42:00 PM | Best Blogger Tips

နည်းပညာနယ်ပယ်တွင် လူငယ်အများစုအနေဖြင့် Microsoft မှပေးအပ်သော MCITP လက်မှတ်ကိုဖြေဆိုခဲ့ရာမှ ယခု Microsoft မှ အသစ်ထပ်မံထုတ်လုပ်လိုက်သည့် Windows Server 2012 ကြောင့် Exam ဖြေဆိုမည့် ကျောင်းသားများအတွက် MCITP အစား MCSE သို့ ပြောင်းလဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

Microsoft ကုမ္ပဏီမှပေးအပ်သည့် MCITP လက်မှတ်သည် Server 2008 ပေါ်တွင် အခြေခံထားသောကြောင့် ယခု Microsoft မှ အသစ်ထပ်မံထုတ်လုပ်လိုက်သည့် Windows Server 2012 သည် Exam ဖြေဆိုမည့် ကျောင်းသားများအတွက် MCITP (2008) အစား MCSE 2012 သို့ ပြောင်းလဲဖြေဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ယခင်က MCITP လက်မှတ်ရရှိထားသော (SA) or (EA) ကိုင်ဆောင်ထားသူများအနေဖြင့် မဖြစ်မနေ MCSA (သို့) MCSE လက်မှတ်သို့ Upgrade လုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် MCSA (သို့) MCSE သို့ Upgrade လုပ်ပါက 70-417 (Upgrading your skills to MCSA Windows Server 2012) ဘာသာရပ်အား ထပ်မံဖြေဆိုရမည်ဖြစ်သည်။ MCSE သို့ Upgrade လုပ်လိုပါကလည်း 70-414 (Implementing an Advanced Server Infrastructure) နှင့် 70-413 (Designing & Implementing a Server In-frastructure) တို့ကို ထပ်မံဖြေဆိုရ မည်ဖြစ်သည်။ Microsoft ဘာသာရပ်ကို စတင်လေ့လာ၍ ဖြေဆိုမည်သူများအတွက် (MCSA) 3 Subjects (70-410, 70-411, 70-412) ကိုဖြေဆိုရမည်ဖြစ်သည်။ EA သို့ဖြေဆိုလိုပါက Exam (70-413, 70-414, 70-410, 70-411, 70-412) တို့ကို ဖြေဆိုရမည်ဖြစ်သည်။ MCSA နှင့် MCSE တို့တွင်မဖြစ်မနေ Core Subject 3 ခုပါဝင်သည်ဖြစ်သည်။ MCSA (သို့မဟုတ်) MCSE လက်မှတ်များမှာ Microsoft မှချီးမြှင့်သည် အမြင့်ဆုံးအောင်လက်မှတ်တစ်ခုဖြစ်ကာ နိုင်ငံတကာတွင် Server & Networking Professional သမားတစ်ယောက်အဖြစ် ရပ်တည်လိုသူများအတွက် ဖြေဆိုသင့်သည့် ဘာသာရပ်များဖြစ်ကြောင်းလည်း သိရသည်။
ရေးသားသူ -ကိုစိုင်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1