Wednesday, August 22, 2012

23.8.2012 မှ 29.8.2012 အထိ (၇) ရက်သားသမီး ဟောစာတမ်း

Ever November | 8/22/2012 03:11:00 PM | Best Blogger Tips
တနင်္ဂနွေ
          လွမ်းစရာ တွေးစရာ ဆွေးစရာ များတွေး၍ ပူပင်နေရတတ်၏။ ခေါင်းပူပန် မှုများဖြစ်နေမည်။ စိတ်လေနေမည်။ ရည်ရွယ်ချက်များမည်။ ကွက်ကျော်မြင်အကဲခတ်ကောင်းသော်လည်း ကိုယ့်စိတ်ကိုယ်မပိုင်ဖြစ်နေမည်။ မိတ်ဆွေသစ်များတိုးမည်။ အချစ်ရေးမှာ အထင်လွဲစရာတွေဖြစ်နေမည်။ လူခင်ခြင်းစိတ်ဝမ်းကွဲမည်။ မမျှော်လင့်သော ခရီးများထွက်ရမည်။ အလုပ်ပြောင်းရန် ၊ နေရာတာဝန် ပြောင်းရန် လက်ရှိအလုပ်ရာထူးတက်မည်။ လစာတိုးမည်။ မိန်းမ ၁ယောက် နှင့် လက်ထပ်ရန်အကြောင်းပေါ်မည်။ ကိုယ်ချစ် တာ ၁ယောက် မိဘသဘောတူတာ၁ယောက် ဖြစ်နေတတ်သည်။
 
 
အကျိုးပေးဂဏန်း         - ၀၊ ၁၊ ၅။
အထူးဟော               -ဖြစ်ချင်တာထက်ဖြစ်သင့်တာလုပ်လျှင်ကောင်းမည်။

ယတြာ                     - တနင်္ဂနွေ နေ့နံနက် ငွေ ၁၀၀ ကျပ် ပံ့သကူပြုပါ။
 
 
တနင်္လာ
 
          ဆုံးဖြတ်ချက်မြန်ခြင်း ၊ ဒေါသကြီးလွယ် ပြေလွယ်ခြင်း ရည်ရွယ်ချက်များခြင်းတို့ ဖြစ်နေမည်။ မရောက်ဘူးသော ခရီးရောက်မည်။ကတိတစ်ခုကိုလွယ်လွယ်မပေးသင့်ပါ။အလုပ်ကိစ္စတွေအောင်မြင်မည်။အဆင်ပြေမည်။သူတစ်ပါးကို အားကိုခြင်းထက်ကိုယ့်အားကိုယ်ကိုးခြင်းကကောင်းသောအချိန်ဖြစ်ပါသည်။တိုင်ပင်ခြင်းထက်မတိုင်ပင်ပဲလုပ်ခြင်းက   အောင်မြင်ပါလိမ့်မည်။ ထီပေါက်ကိန်းရှိပါသည်။ ထီထိုးလျှင် ၅ ထိပ် ၅ ပိတ်ကိုဦးစားပေးပါ။ အချစ်ဟောင်း က ပြန်တွေ့ရန် ကြိုးစားလိမ့်မည်။ ရှောင်လိုက်ပါ။ မကောင်းပါ။ အချစ်သစ်မှ ကောင်းပါမည်။ လူအို(အိမ်ထောင်ရှိသောသူ) များကြိုက်တတ်သည်။ ဂရုစိုက်ပါ။ ရှောင်ပါ။ ရစရာငွေတို့ရမည်။ ဖြေသောစာမေးပွဲအောင်မြင်မည်။ အလုပ်ကိစ္စ ၀မ်းသာစရာ သတင်းကြားရမည်။
 
အကျိုးပေးဂဏန်း         - ၂၊ ၅၊ ၇။
အထူးဟော               - သင်းကံကောင်းမည်။
ယတြာ                     - တနင်္လာနေ့နံနက်တွင် အသတ်ခံရမည့် ငါး ၁၅ ကောင်ကို ဈေးမစစ်ဘဲ ၀ယ်လွှတ်ပါ။
 
အင်္ဂါ
                   ဤကာလမှာတော့ အဟောင်းပစ်၍ အသစ်ကိုရှာ ချောင်းကိုပစ်၍ မြစ်ကိုရှာဆိုသလို အလုပ်ဟောင်းကို စွန့်ပစ်၍ အလုပ်သစ်ရှာချင်မယ်။ လုပ်နေသောအလုပ် ဆက်မလုပ်ချင်ဖြစ်လာမည်။ အချစ်ဟောင်း အိမ်ထောင်ဟောင်း ကိုပစ်ပြီး အချစ်သစ်  အိမ်ထောင်သစ်ရှာချင်ယူချင်တတ်ပါသည်။စပ်တူရှယ်ယာလုပ်ငန်းများငွေပေးပစ္စည်းမှားခြင်းများငွေချေးခြင်း များလုံးဝမပြုလုပ်သင့်ပါ။ အတိုက်အခံကြုံမည်။ ရင်ဆိုင်လိုက်ပါ။ လုံးဝ အလျော့မပေးသင့်ပါ။ ဤအတိုက်အခံ ကျော်လျှင် သင်လုံးဝ အောင်မြင်လာပါမည်။ ဆန္ဒစောခြင်း စိတ်မြန်ခြင်း မပြုသင့်ပါ။ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ဤ အချိန်သည် သင့်ဘ၀ တစ်ဆစ်ချိုးပြောင်းလဲနိုင်သော အချိန်ဖြစ်၍ ဂရုစိုက်ဆောင်ရွက်သင့်ပါသည်။ အလုပ်သစ်ရခြင်း အင်တာဗျူးအောင်မြင်မှုဖြစ်မည်။

အကျိုးပေးဂဏန်း         - ၃၊ ၈၊ ၉။
အထူးဟော               - ဘ၀ တစ်စစ်ချိုး ပြောင်းလဲချိန်ဖြစ်၍ သေချာစွာ ဂရုစိုက်ပေးပါ။
ယတြာ                     - အင်္ဂါနေ့တွင် အုန်းဆွမ်းကပ်ပါ။
 
ဗုဒ္ဓဟူး
 
          စိတ်လေနေခြင်း များ စိတ်ပြန်ငြိမ်နေမည်။ အချိန်ဖြုန်း ငွေဖြုန်းခြင်းများ မဖြုံးဘဲနေဖြစ်မည်။ ထိုသို့ဖြစ်ခြင်းများကို သင့်ရဲ့ပညာရေး သင့်ရဲအလုပ်အကိုင်တို့က ချုပ်ကိုင်ထိမ်းသိမ်းမှုတို့ပြုလာလိမ့်မည်။ ရည်းစားချစ်သူ ထားကိန်းရှိသည်။ ရည်းစားချစ်သူ ထံမှ စာလက်ဆောင်ဓာတ်ပုံတို့ ရမည်။ ကိုယ်စိတ်ကိုယ်ခြိုးခြံမှုတွေဖြစ်နေမည်။ အိမ်ထောင်ကျ လက်ထပ်မည်ဟု ဆုံးဖြတ်ပြီးမှ မယူဖြစ် ဖြစ်တတ်မည်။ ပညာရေးကောင်းသည်။ အလုပ်အကိုင်ကောင်းသည်။ ၀င်ငွေစီးပွားရေးကောင်းမည်။ ရုတ်တရက် ထိခိုက်မိတတ်၍ ဆင်ခြင်သွားပါ။
 
အကျိုးပေးဂဏန်း         - ၄၊ ၆၊ ၉။
အထူးဟော               - လှုပ်ရှားမှု အပြောင်းအလဲ ဖြစ်လာမည်။
ယတြာ                     - ဗုဒ္ဓဟူးနေ့တွင် တန်ခိုးကြီးဘုရား၏ ရင်တော်ကို ရွှေသင်္ကန်း ကပ်ပါ။
 
 
ကြာသပတေး
 
          ရည်ရွယ်ချက်များနေမည်။ တခုပြီးမှ တခုလုပ်ပါ အောင်မြင်မည်။ ကွက်ကျော်မြင် အကဲခတ်ကောင်းသော်လည်း စိတ်တိုင်းမကျမှုများဖြစ်ပေါ်မည်။အတိုက်အခံတွေကျော်နိုင်မည်။စွန့်စားသော အလုပ် စွန့်စားသော ပြောဆိုမှု တို့လုပ်ရတတ်သည်။ စီးပွားရေးအောင်မြင်မှုတို့ဖြစ်မည်။ကျန်းမာရေးချူချာမည်။ရုတ်တရက်ခိုက်မိတတ်သည်။ငွေကုန်ကျများမည်။   ငွေခေါင်းကွဲမည်။ ငွေလိမ်ခံရမည်။ အစုလိုက် ငွေဝင်ကိန်းရှိသည်။ မြေ၊စက်တို့ထွက်မည် ၀င်မည်။
 
အကျိုးပေးဂဏန်း         - ၀၊ ၁၊ ၅။
အထူးဟော               - ၀မ်းနည်းဝမ်းသာဖြစ်လိမ့်မည်။
ယတြာ                     - ကြာသပတေးနေ့နံနက်တွင် ဘုရားကို သပြေပန်း (၁၉) ညွန့် ကပ်လှူပါ။
 
သောကြာ
          တံလျှပ်ကိုရေထင် ရွှေသမင် အလိုက်မှားဖြစ်တတ်၏။ ကိုယ်ထင်သလို မဖြစ်တတ်ပါ။ လူယုံမထားသင့်ပါ။ လူပေါင်းမှားတတ်ပါသည်။ စိတ်လေနေမည်။ စိတ်တိုင်းမကျ မှု့တွေဖြစ်လာမည်။ စကားပြောဆင်ခြင်ပါ။ သင်ယုံရသော လူက သင့်အပေါ်မကောင်းကြံတတ်၍သတိပြုပါ။ ခရီးယာယီမြင်သည်။ လမ်းခရီးအန္တရာယ်မရှိပါ။ စီးပွားရေးလုပ်ငန်းများအောင်မြင်မှုရမည်။ လူလိမ်ငွေလိမ်ခံရမည်။ ပစ္စည်းပျောက်ကိန်းရှိသည်။ မြေစက်အိမ်တို့ထွက်မည်။ ၀င်မည်။ ပြုပြင်ဖြစ်မည်။ ကြီးသူချူချာမည်။
 
အကျိုးပေး ဂဏန်း        - ၃ ၊ ၆၊ ၉။
အထူးဟော               - ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံသင့်သော ကာလဖြစ်ပါသည်။
ယတြာ                     - သောကြာနေ့တွင် အိမ်ဘုရားကို သစ်သီး ၉ မျိုးလှူပါ။
 
စနေ
 
          စိတ်တိုင်းမကျသလို တွေကြုံခဲ့ပြီးနောက် စိတ်တိုင်းကျ အဆင်ပြေမှုများ ဖြစ်ပေါ်လာမည်။ သင့်၏ကံသည် အလင်းရောင် ၀င်လာပါမည်။ ပညာရေးအောင်မြင်မည်။ စာမေးပွဲအောင်မြင်မည်။ အလုပ်အကိုင်ရာထူးတက်မည်။ အင်တာဗျုးအောင်မြင်မည်။ အလုပ်အကိုင်အသစ်ရမည်။ လစာကောင်းမည်။ အချစ်ရေးကောင်းသည်။ ၀င်ငွေကောင်းမည်။ စီးပွားတတ်မည်။ ခြေ ၁ဖက် ဂရုစိုက်ပါ။ ခိုက်မိတတ်ပါသည်။ စိတ်မြန်ခြင်း ဆုံးဖြတ်ချက် မြန်ခြင်းတို့မဖြစ်သင့်ပါ။ မမျှော်လင့်သော ခရီးတို့သွားရမည်။ အဝေးကို အလုပ်အကိုင်လုပ်ရမည်။ ထီထိုးပါ။ ထီပေါက်မည်။ ယာဉ် ၊ စက် ၊ အိမ်တို့ ၀င်မည်။ ဆွေမျိုးသားချင်းအတွက် စိတ်ချမ်းသာရမည်။
 
အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။
အထူးဟော               -မင်္ဂလာရှိသောခရီးသွားရမည်။
ယတြာ                     - စနေနေ့တွင် ဘုရားကို ထီးဖွင့်ပြီး ကပ်လှူပါ။
ဒေါက်တာထွန်းလင်း( ဘုတလင်)
မြစ်မခသတင်းမီဒီယာ 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1