Wednesday, August 22, 2012

လစ်ဗျားနိုင်ငံ၌ အီဂျစ်သံတမန်တစ်ဦး၏ကား ဗုံးခွဲတိုက်ခိုက်ခံရ

Ever November | 8/22/2012 02:24:00 PM | Best Blogger Tips

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့၌ သြဂုတ် ၂၀ ရက်က အီဂျစ်သံတမန်တစ်ဦး၏ ကားတစ်စီး ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း၊ ယင်းဖြစ်ရပ်သည် ထရီပိုလီမြို့၌ ဗုံးပေါက်ကွဲမှု များဖြစ်ပွားပြီး နောက် တစ်နေ့တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗုံးခွဲ တိုက်ခိုက်မှုသည် အီဂျစ်ကောင်စစ်ဝန်ရုံး၏ ပထမ အတွင်းဝန် အက်ဒီလ်ဟာ မစ်ဒ်ရီဖီ၏ နေအိမ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဦး တစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့အတူ ထရီပိုလီမြို့၌ သြဂုတ် ၁၉ ရက်က ပြည်ထဲရေး ၀န်ကြီးဌာနအနီးတွင် ကားဗုံေးပါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းဗုံးခွဲတိုက်ခိုက်မှုများသည် အတိုက်အခံ တပ်ဖွဲ့များက ထရီပိုလီမြို့အား သိမ်းပိုက်ခဲ့သည့် တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ မတိုင်မီ ရက်များ အတွင်း ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1