Wednesday, August 22, 2012

တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွား၊ ၈ ဦးသေဆုံး ၆၀ ဦး ဒဏ်ရာရ

Ever November | 8/22/2012 02:13:00 PM | Best Blogger Tips

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း ဂါဇီယန်တပ်ပြည်နယ်တွင် သြဂုတ် ၂၀ ရက်က ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး ၆၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်ပွားပုံမှာ ပေါက်ကွဲရေးပစ္စည်းများ အပြည့်တင်လာသော ကုန်ကားတစ်စီးသည် အဆိုပါပြည်နယ် ကာရီစီယာကားမြို့ရှိ ရဲစခန်းအနီးသို့ မောင်းနှင် လာပြီးနောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ဘတ်စ်ကားနှစ်စီးနှင့် ကားတစ်စီးတို့ မီးလောင်ကျွမ်းခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အလားတူ သြဂုတ် ၂၀ ရက် အစောပိုင်းကလည်း PKK စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် တူရကီစစ်သည် ၂၀ ဦး သေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1