Wednesday, August 8, 2012

ALD ရန်ကုန်တိုင်း ကော်မတီသစ် ရွေးချယ်ခန့်အပ်စည်းဝေးပွဲ ကျင်းပပြုလုပ်သွားမည်

Ever November | 8/08/2012 11:40:00 AM | Best Blogger Tips

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရန်ကုန်တိုင်း ပါတီကော်မတီသစ် ရွေးချယ်ခန့်အပ်မည့် အစည်းအဝေးတစ်ခုကို လာမည့် သြဂုတ်လ ၁၁ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ALD ရန်ကုန်တိုင်း ပါတီကော်မတီသစ် ရွေးချယ်ခန့်အပ်ပွဲကို ရွှေဂုံတိုင် ဒို့ရိုးရာစားသောက်ဆိုင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် လက်ရှိ ALD ရန်ကုန်တိုင်း အထွေထွေအတွင်းရေးမှူး ဆရာကြီး ဦးလှမြင့် (ရခိုင်သားကြီးစာပေ)က အောက်ပါအတိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းပြသည်။
" ကျွန်တော်တို့ ALD ရန်ကုန်တိုင်းက ၈၈ ကတည်းက ဖွဲ့စည်းပြီးသား ရှိပါတယ်၊ အဲဒီတုန်းက ဥက္ကဌ ဒေါက်တာ အေးထွန်း၊ အတွင်းရေးမှူးက ကျွန်တော်ပါ၊ အခုချိန်ထိ ကျနော်က အတွင်းရေးမှူးနဲ့ ဥက္ကဌ က ဦးကျော်မြင့် တာဝန်ထမ်းဆောင်နေပါတယ်၊ ကျွန်တော်တို့ ကော်မတီသစ် ရွေးချယ်ခန့်အပ်တိုးမြင့်ဖို့ ရည်မှန်းချက်က လစ်ဟင်းနေတဲ့ နေရာတွေမှာ အစားထိုးပြီး ကျစ်လစ်ခိုင်မာအောင် လုပ်ဖို့ဖြစ်ပါတယ်၊ ပြန်ပြီးတော့ ရွေးချယ်ခန့်အပ်ဖို့ ဖြစ်ပါတယ်၊ အဲဒီတုန်းက ပါဝင်ခဲ့တဲ့ ပါတီဝင်တွေကိုစုစည်းမယ်၊ အခုအသစ်လူငယ်တွေနဲ့ တိုးချဲ့ဖွဲ့စည်းသွားဖို့ ဖြစ်ပါတယ်။ " ဟု ရှင်းပြသည်။
အဆိုပါ အစည်းအဝေးတွင် လက်ရှိဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခနှင့်ပတ်သက်၍ ALD ၏ သဘောထားအမြင်ကို ဆွေးနွေးသွားမည့် အစီအစဉ်များ ရှိမရှိ မေးမြန်းရာ ဆရာကြီးက အခုလိုရှင်းပြသည်။
" အခုပြုလုပ်မဲ့ကိစ္စ အစီအစဉ်က သီးသန့်ဖြစ်ပါတယ်၊ ALD က အဲဒီကိစ္စနဲ့ ပတ်သက်လို့ အတိအလင်း သတင်းစာရှင်းလင်းထားပြီး ဖြစ်ပါတယ်၊ ဆွေးနွေးဖို့ အစီအစဉ်မရှိပါဘူး။ " ဟု ပြောဆိုသည်။
ရခိုင်ပြည်နယ် ALD ပေါက်တောမြို့ ဥက္ကဌ ဦးမြတ်ထွန်းက " ကော်မတီသစ် ရွေးချယ်ပွဲကို ကျင်းပသွားဖို့ ရည်ရွယ်ချက်က နိုင်ငံနဲ့ လူထုတွေအတွက် တိုးမြင့်တာဝန် ထမ်းဆောင်နိုင်အောင်ပါ၊ အပြောင်းအလဲတွေနဲ့ ကော်မတီသစ်တွေ တိုးမြင့်လာတော့ လုပ်ငန်းတာဝန်တွေ ပိုမိုလုပ်နိုင်ဖို့ ဖြစ်ပါတယ်၊ အသေးစိပ်က ရန်တိုင်း အတွင်းရေးမှူး ဦးလှမြင့်ကို မေးမြန်းနိုင်ပါတယ်။ " ဟု အမြင်ကို သုံးသပ်ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန် ၈ ရက်နေ့ကစတင်သော ပဋိပက္ခအား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းလေ့လာစစ်ဆေးရေး ကိုယ်စားလှယ် မစ္စတာ ကင်တင်းနား ရောက်ရှိလာမှုအပေါ် ဦးမြတ်ထွန်းက အောက်ပါအတိုင်း သူ၏အမြင်ကို ထုတ်ဖေါ်ပြောဆိုသည်။
" မစ္စတာ ကင်တင်းနား ရောက်လာတာဟာ မြန်မာနဲ့ အထူးသဖြင့် ရခိုင်လူမျိုးအတွက် အကျိုးမရှိပါဘူး၊ ဘင်္ဂလီတွေအတွက်သာ သီးသန့်ရောက်လာတာ ဖြစ်ပါတယ်၊ မောင်တော-ဘူးသီးတောင်မြို့နယ်တွေမှာလည်း ဘင်္ဂလီတွေကို အလျင်သွားရောက်တွေ့ပြီးမှ မတွေ့မဖြစ်တဲ့ ရခိုင်တချို့ကို တွေ့ခဲ့တာဖြစ်ပါတယ်၊ ဖြစ်စဉ်ရဲ့ အဖြေမှန် အကြောင်းရင်းဇစ်မြစ်ကို သေချာမစုံစမ်းဘဲ တဘက်သတ် လုပ်သွားခဲ့တယ်လို့ မြင်ပါတယ်၊ ဒါကြောင့်လည်း ဒေသခံတွေက သူလာတဲ့အခါ UN အလိုမရှိဆိုတဲ့ စာတမ်းတွေကို ပုံစံမျိုးစုံနဲ့ ဖေါ်ပြဆန္ဒပြခဲ့တာ ဖြစ်ပါတယ်၊ အဲသလို ဒေသခံတွေက UN အလိုမရှိဆိုတဲ့ ထုတ်ဖေါ်ပြချက်ကို သူ့အနေနဲ့ အလေးအနက် စဉ်းစားဖို့ လိုအပ်ပါတယ်။ " ဟု ပြောသည်။
ရခိုင်ပြည်နယ် မောင်တော-ဘူးသီးတောင်မြို့နယ်မှ ဒေသခံလူထုအနေဖြင့် ပြဿနာဖြစ်ပွားခဲ့သော နောက်ကွယ်မှ NGOနှင့် INGO ၀န်ထမ်းများက ခွဲခြားဆက်ဆံမှုများ ရှိနေခဲ့သည့်အပြင် ပူးပေါင်းပါဝင်ပတ်သက်မှုများရှိခဲ့၍ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည် နေကြသည်။
ALD ဥက္ကဌ ဦးအေးသာအောင်သည် နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော အဖွဲ့နှင့် တခြားအမျိုးသား ၁၄ ပါတီမှ ခေါင်းဆောင်များနှင့် စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သမ္မတ ၀ပ်ဆိုင်းတွင် ဖေါ်ပြသည်။
ယင်းဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်က မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ် အေးချမ်းကို အဓိက ဦးစားပေးပြီး ဆောင်ရွက် နေကြောင်း၊ တိုင်းပြည်တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်ရာတွင် နိုင်ငံရေးတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ရေးသည် အဓိကကျ၍ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးသည်လည်း အရေးကြီးပါကြောင်းနှင့် ယင်း အချက်များအား ဦးတည်ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သည်ဟု ဖေါ်ပြထားသည်။
မြန်မာနိုင်ငံတွင် ALD ပါတီကို ၁၉၈၈ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ်က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရပါတီ တခုဖြစ်လာခဲ့ရာ စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သူ ဦးသန်းရွှေ ခေါင်းဆောင်သောအဖွဲ့ထံ နည်းမျိုးစုံဖြိုဖျက်ခံခဲ့ရသော်လည်း ယခုအချိန် ပြည်သူလူထုဘက်မှ ရပ်တည်ပြီး ပြန်လည်ခိုင်မာလာစေရန် ကြိုးပမ်းဆောင်ရွက်နေသော သမိုင်းဝင် ပါတီကြီး တခုဖြစ်ကြောင်း ရခိုင်မျိုးချစ်များက ပြောသည်။
ALD ပြည်ပကို ပြည်ပရောက်မျိုးချစ် အများအပြားဖြင့် နိုင်ငံတကာတွင် ဖွဲ့စည်းလျက်ရှိနေပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီဖြစ်ပေါ်လာရေး အတွက် မြန်မာ့ဒီမိုကရေစီ မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိကြောင်း သိရှိရသည်။
ALDပြည်ပ ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့သူ ဆရာ ဦးခိုင်ဆန်းအောင်က "ALD ရန်ကုန်တိုင်း ပါတီ ကော်မတီကို ပြန်လည်စုစည်းပြီး ကျစ်လစ်ခိုင်မာအောင် တည်ဆောက်နိုင်မှုက အရေးတကြီးလိုအပ်နေတဲ့ တက်လှမ်း အကြောင်းရင်းတခု ဖြစ်ပါတယ်၊ ဒါ့အပြင် မြို့နယ်အသီးသီးမှာလည်း ထိုနည်းတူ ကော်မတီတွေကို တဖြည်းဖြည်းတည်ဆောက်ဖို့ ALD ပါတီအနေနဲ့ အမျိုးသားရေးကိစ္စရပ်တွေကို ပိုမိုလုပ်ဆောင်လာနိုင်ဖို့ ဖြစ်ပါတယ်၊ အမျိုးသားစည်းလုံးညီညွှတ်ရေးအတွက် RNDPနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တဆင့်တက်လုပ်ဆောင်သွားဖို့လည်း လိုအပ်ကြောင်းယူဆပါတယ်၊ တခုတည်းဖြစ်ပေါ်နိုင်ရေးအတွက် အချိန်ယူရမယ်ဖြစ်ပေမဲ့ ရခိုင်ပြည်သူတွေ လက်ရှိခံစားနေရတဲ့ ပြဿနာတွေ ဘင်္ဂလီကုလားများကျူးကျော် တိုက်ခိုက်ခြင်း၊ အမျိုးသားဘ၀လုံခြုံရေး၊ အလုပ်လက်မဲ့ပြဿနာ၊ လူ့အခွင့်အရေးချိုးဖေါက်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားဘာသာ သာသနာရေးတွေကို အတူတကွ ပူပေါင်းဆောင်ရွက်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်၊ အဲဒါကြောင့် ALD ရန်ကုန်တိုင်း ပါတီ ကော်မတီသစ် ခန့်အပ်တဲ့ အစည်းအဝေးဟာ ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေးကို မျှော်လင့်ပါတယ်။" ဟု ရှင်းပြသည်။
မစ္စတာ ကင်တင်းနားနှင့်အတူ ဘင်္ဂလာဒေ့ရှ်မှ မြန်မာနိုင်ငံဆိုင်ရာ သံအမတ် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာစစ်ဆေးစဉ် "မောင်တောအကြမ်းဖက်မှုဟာ ကျောက်နီမော်-တောင်ကုတ်နဲ့ ဆက်စပ်တဲ့ဟာ ဖြစ်ပေမဲ့ အဲဒီနေ့က မောင်တော ဗလီထဲဝတ်ပြုနေစဉ်မှာ မော်လဗီတွေက လှုံဆော်ခဲ့တာ ဖြစ်နိုင်ပါတယ်၊ ဒါအဲဒီ မော်လဗီတွေမှာ တကယ့်အပြစ်ရှိတယ်။"ဟု စစ်တွေမြို့တွင် ပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။
အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆိုဆီလို ယိုဒိုယူနိုက ရခိုင်ပြည်နယ် ပြဿနာမှာ ဘာသာရေးပဋိပက္ခမဟုတ်ကြောင်း အနောက်ဂျာဗားရှိ သူ၏နေအိမ်တွင် သတင်းစာရှင်းလင်းစဉ် ထုတ်ဖေါ်ပြောကြားလိုက်သည်။
Arakan Times 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1