Wednesday, August 8, 2012

“အမေရိက ခရီးစဉ် ရက်ရွှေ့လိုက်ရတယ်လို့ ပြောတဲ့ ချမ်းချမ်း”

Ever November | 8/08/2012 04:25:00 PM | Best Blogger Tips

စီးရီးဖြစ်တဲ့ ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်’ ဆိုတဲ့ စီးရီးလေးဟာ အောင်မြင်မှု ရရှိသလို အခု လက်ရှိ ထွက်ထားတဲ့ ‘သိပ်ချစ်တယ် အရမ်း မုန်းတယ်’ စီးရီးလေးကလည်း ပရိ သတ်ကြားမှာ အောင်မြင်မှု ရရှိနေပါတယ်။ချမ်းချမ်းရဲ့ပထမစီးရီးရဲ့အောင်မြင်မှုလေးက ဒုတိယ စီးရီးရဲ့အောင်မြင်မှုကို ကျော်လွှားနိုင် မလားဆိုတာကို မေးကြည့်ရာ.. ”အဲဒါကတော့ ပရိသတ် အပေါ် ပဲမူ တည်ပါတယ်။ အစ်မတို့ တစ်ခွေနဲ့ တစ်ခွေက မတူဘူးပေါ့။ အခု ဒုတိယအခွေ မှာကျတော့ တကယ့်ပြိုင်ပွဲက သီချင်းတွေ ပါတယ် ဆိုတော့ ပရိသတ်နားထဲ ချက်ချင်းရောက်ဖို့က မလွယ် ဘူး။ အချိန်ယူရမှာပေါ့။ အစ်မအနေနဲ့ တော့ ဒီဒုတိယ စီးရီးလေးကို ပိုအားရခဲ့တယ်။ ဘာ ဖြစ်လို့ လဲဆိုတော့ ကိုယ်ဆို ချင် တဲ့သီချင်းပုံစံ တွေလည်း ဆိုခွင့်ရတယ်။ ပထမ စီးရီးတုန်း က အစ်မ နေမကောင်းလည်းဖြစ်တယ်။ နေမ ကောင်းတဲ့ကြားက ဆိုလိုက် ရလို့ သိပ် အားမရ ခဲ့ဘူး” လို့ ပြောပါ တယ်။ အခု ထွန်းထွန်းရဲ့ တစ်ကိုယ်တော် စီးရီးဖြစ်တဲ့ ‘စူပါစတား’ အခွေမှာလည်း ချမ်းချမ်း ပါဝင် သီဆိုထားတဲ့’တို့နှစ်ယောက်’ ဆိုတဲ့ သီချင်းလေးဟာ ပရိသတ်ကြားမှာ ပျံ့နှံ့နေပါတယ်။အဲဒီ သီချင်းလေးနဲ့ ပတ်သက်ပြီး အမှတ်တရလေး ရှိခဲ့ကြောင်း ကို ချမ်းချမ်းက”သီချင်းလေးကို ဆိုထား တာ ၂နှစ်၊ ၃နှစ် လောက် ရှိနေပြီ။ အဲဒီ သီ ချင်းလေး က တအားကောင်းတယ်။ ဒီ သီချင်းလေး ကို ပရိသတ်တွေဆီ ရောက်ပါ့ မလားတောင် ချမ်းချမ်း စိုးရိမ်နေသေး တယ်။ အခုတော့ ပရိသတ်တွေဆီ ရောက် တဲ့ အချိန်မှာပဲ ပရိသတ်တွေ ကြိုက်နှစ် သက်ကြတဲ့ အတွက် ချမ်းချမ်း တအား ဝမ်းသာတယ်။ အမှတ်တရတွေ ရှိခဲ့ တယ်” လို့ ပြောပါတယ်။ ချမ်းချမ်းက သြဂုတ်လ မှာ အ ဆို တော် များစွာနဲ့အတူ သွားရောက် ဖျော်ဖြေမယ့် အမေရိက ခရီးမှာ လည်း အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။ အမေရိ ကားခရီးစဉ် မသွားဖြစ်တော့မယ့် အကြောင်း အရင်းကို ချမ်းချမ်းက ”အမေရိကမှာ မြန်မာ ပြည် က အဆိုတော်တွေ တအား များနေတာ လည်းပါတယ်။ ဟိုကပွဲတွေက ပြည့်ကျပ် နေပြီ။ အဲဒါကြောင့် ရက်ရွှေ့လိုက်တာ။ နောက်လ သွားရင်လည်း သွားဖြစ်မယ်။နောက် နှစ်သွား ရင်လည်း သွားဖြစ်မယ်။ ရက်တော့ ရွှေ့ လိုက်တယ်။ အစ်မတို့ဘက်က ဘယ်တော့မှ သွားရမယ် ဆိုတာ သေချာမသိသေးဘူး”လို့ ပြောပါတယ်။ ဒုတိယ တစ်ကိုယ်တော် စီးရီးဖြစ်တဲ့ ‘သိပ်ချစ်တယ် အရမ်းမုန်းတယ်’ ဗီစီဒီလေးကို သြဂုတ် လ လယ်မှာ ထွက်ရှိတော့မှာဖြစ်ပြီး တတိယ တစ်ကိုယ်တော် စီးရီးလည်း ပြင်ဆင် နေကြောင်း သိရပါတယ်။

တွယ်တာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1