![]()  | 
| ဖလားရယူရန် အဆင်သင့် ဖြစ်နေပြီဟု ကြုံးဝါးခဲ့သည့် ဗီဒစ် | 
မန်ယူအသင်းသည် ယမန်နှစ် ရာသီက 
နောက်ဆုံးပွဲစဉ်တွင် မန်စီးတီး အသင်းထံသို့ ပရီးမီးယားလိဂ် ဆုဖလား 
လွှဲပြောင်းပေး ခဲ့ရသည်။ သို့သော်လည်း ဗီဒစ်သည် မန်ယူ အသင်း၏ 
သမိုင်းကြောင်းတွင် အတိတ်က အောင်မြင်မှုများ ကျဆုံးမှုများကို 
နောက်လှည့်ကြည့် မနေပဲ ရှေ့သို့သာ အာရုံစိုက်ခဲ့ခြင်းကြောင့် 
ယခုအချိန်တွင်လည်း ပိုဝဲလ်၊ ကာဂါဝါတို့ လူသစ်နှစ်ဦးနှင့် အသင်းရှိ 
အတွေ့အကြုံများက အောင်မြင်မှုများ အတွက် အကောင်းဆုံး အနေအထားသို့ 
ရောက်ရှိနေပြီဟု ထုတ်ဖော် ပြောဆိုခဲ့သည်။
“လိဂ်ဖလားကို နောက်ဆုံးမိနစ်ကျမှ 
လက်လွှတ်ခဲ့ရတာက မေ့ပျောက်ဖို့ ခက်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ ခုအဲဒါကို 
မစဉ်းစားတော့ ပါဘူး၊ ကျွန်တော်တို့ အတိတ်မှာ အောင်မြင်မှုတွေလည်း ရခဲ့ပါတယ် 
ဒါပေမယ့် အဲဒါတွေကိုလည်း မေ့ပျောက်ထား ခဲ့ပါတယ်၊ ကျွန်တော်တို့က ရှေ့ကိုပဲ 
ဆက်သွားနေတာပါ၊ အဲဒါကြောင့်လည်း ကျွန်တော်တို့ အသင်းက အမြဲတမ်း အကောင်းဆုံး
 ဖြစ်နေတာပါ”ဟု ဗီဒစ်က သတင်းထောက်များသို့ ပြောဆိုခဲ့သည်။
ဒဏ်ရာ ပြဿနာကြောင့် ကာလရှည် 
အနားယူခဲ့ရသည့် ဗီဒစ်သည် လတ်တလောတွင်မှာ ဘောလုံး ပြန်လည် ကစားနိုင်ခဲ့သူ 
ဖြစ်ပြီး ယခုနှစ် ရာသီအစတွင် အသင်း၏ ကစားသမားများ ဒဏ်ရာ ပြဿနာ 
ကင်းစင်နေခြင်းက ကံကောင်းခြင်း တစ်ရပ်ဖြစ်သည်ဟု ဖွင့်ဟ ပြောဆိုခဲ့သည်။ 
soccer weekly 


No comments:
Post a Comment