Thursday, August 30, 2012

ဂရိနိုင်ငံမှ ရေနံတင်သင်္ဘောတစ်စင်း တိုဂိုကမ်းလွန်၌ အပိုင်စီးခံရ

Ever November | 8/30/2012 03:43:00 PM | Best Blogger Tips

တိုဂိုနိုင်ငံ ကမ်းလွန်တွင် ရေနံတင်ကုန်သင်္ဘောတစ်စင်း ဆိုမာလီပင်လယ်ဓားပြများ၏ အပိုင်စီးခံခဲ့ရကြောင်း တိုဂိုအရာရှိများက သြဂုတ် ၁၉ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ ရေနံတင်သင်္ဘောသည် ဂရိနိုင်ငံပိုင် သင်္ဘောတစ်စင်းဖြစ်ပြီး သင်္ဘောအပိုင်စီးခံရချိန်တွင် သင်္ဘောပေါ်၌ သင်္ဘောသား ၂၄ ဦး ရှိနေရာ ၄င်းတို့ကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း၊ ယင်းသင်္ဘောအပိုင်စီးခံရသည့်နေရာမှာ တိုဂိုမြို့တော် လိုမီမှ ကီလိုမီတာ ၃၀ ခန့်အကွာ ကမ်းလွန်ရေပြင်၌ ဖြစ်ကြောင်း သိရသည်။ ယခုသင်္ဘော အပိုင်စီးခံရမှုသည် အာဖရိကရှိ ဂိုင်နီယာနိုင်ငံမှ အင်ဂိုလာနိုင်ငံအကြား ရေလမ်းခရီးတွင် သီတင်းနှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် သင်္ဘော အပိုင်စီးခံရခြင်းပင်ဖြစ်သည်။ အဆိုပါ သင်္ဘော အပိုင်စီးခံရမှုဖြစ်ပွားသည့် တိုဂိုနိုင်ငံသို့ အမေရိကန် ရေတပ် သင်္ဘောတစ်စင်း သြဂုတ် ၂၉ ရက်က ဆိုက်ရောက်လာခဲ့သည်။ ယင်းမှာ အပိုင်စီးခံရသည့် ၄င်းသင်္ဘော ပြန်လည်လွတ်မြောက်ရေးအတွက် တိုဂိုနိုင်ငံနှင့် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်သည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1