Thursday, August 30, 2012

ဦးအောင်သောင်း တပည့် မှ မန္တလေး ပြည်ခိုင်ဖြိုး ရံပုံငွေ သိန်းထောင်ကျော် အလွဲသုံးစားလုပ်

Ever November | 8/30/2012 02:15:00 PM | Best Blogger Tips
ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံခိုင်ရေးဖွံ့ဖြိုးရေးပါတီကို ဗဟိုမှ ရံပုံငွေ ကျပ်သိန်းသုံးသောင်းကျော် ချထားပေးရာ စာရင်းမှန်ကန်စွာမပြနိင်ပဲ သိန်းနှစ်သောင်းကျော် အသုံးစရိတ်ပြထား ကြောင်း ပါတီခေါင်းဆောင်တစ်ဦးက ပြောကြားသည်။
ယင်းကဲ့သို့ ကျပ်သိန်းနှစ်သောင်းကျော် ကွာဟမှုကြောင့် မန္တလေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီတာဝန်ခံ စက်မှုဝန်ကြီး ဟောင်း ဦးအောင်သောင်းမှ စိတ်ဆိုးဒေါသထွက်ပြီးဘဏ်စာအုပ်များသိမ်းသွားကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
တပ်မတော်အစိုးလက်ထက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရှိ စီပွားရေးလုပ်ငန်းများကို အသင်းအနေဖြင့် လုပ်ကိုင်ခဲ့ကြောင်း ပါတီအဖြစ် အသွင်ပြောင်းပြီးနောက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ စီပွားရေးလုပ်ငန်းအဖြစ် အမည်ခံကာ  လုပ်ကိုင်စေကြောင်း ဦးအောင်သောင်းအနေဖြင့် အသင်းအမည်မခံဘဲ နယူးဒေလီ စက်သုံးဆီဆိုင်များဖွင့်ကာ အယ်ပိုင်း ဒေါက်တာစိုင်းစံထွန်းကို လုပ်ကိုင်စေကြောင်း ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
တပ်မတော်ပိုင်တဲ့ ဓါတ်ဆီဆိုင်များမှာ မြ၀တီဆိုင်အနေဖြင့် ဖွင့်ထားပြီး နယူးဒေလီဆီဆိုင်မှာ ပြည်ခိုင်ဖြိုးပါတီ ပိုင်ဆိုင်မှုများဖြစ်သည်ဟု ၎င်းက ဆိုသည်။
ပြည်ခိုင်ဖြိုး အဖွဲ့ဝင် ဦးအောင်သောင်းမှ ပါတီပိုင်လုပ်ငန်းများနှင့်ပတ်သက်၍ ဒေါက်တာစိုင်းစံထွန်းအား အမည်ခံလုပ်ကိုင်စေသော်လည်း နောက်ကွယ်တွင်
၎င်း၏တပည့်ဖြစ်သူ အောင်ကျော်သာမှ လက်သိပ်ထိုး ကြိုးကိုင်ဆောင်ရွက်နေသည်ဟု မန္တလေးမြို့ခံ တစ်ဦးကဆိုသည်။
အောင်ကျော်သာဆိုသူမှာ ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေး ဘန်းပြ၍ တရားမ၀င်စည်းပွားရေးလုပ်ငန်းများနှင့် မန္တလေးမြို့တွင်းနေ ပြည်သူလူထုအား ခြိမ်းခြောက် အကြပ်ကိုင်ဆောင်ရွက်မှုများအား ပြုလုပ်ခဲ့သည်ဟု လက်တွေ့ခံစားခဲ့ရသော ၄င်း မန္တလေးမြို့  ခံမှ ဆက်ပြောသည်။
လက်ရှိအခြေအနေတွင် ကြေနပ်မှုမရှိသော မန္တလေးပြည်သူအချို့ မှ သမ္မတကြီးထံ တိုင်ကြားထားရှိသော်လည်း ထူးခြားမှုမရှိဘဲ ယခင်အတိုင်း ပြည်သူများအား
စော်ကားသည့်အပြုအမူများ ပြုလုပ်လျက်ရှိကြောင်း သတင်းရ့ရှိသည်။
ထွန်းအေး ချမ်းအေးသာဇံ
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1