Thursday, August 30, 2012

ကုန်းရေနှစ်သွယ်သွားယာဉ်များ ဂျပန်ဝယ်ယူမည်

Ever November | 8/30/2012 09:38:00 AM | Best Blogger Tips

ဂျပန်နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် ကုန်းရေနှစ်သွယ်သွားယာဉ်များကို ၀ယ်ယူရန်အတွက် ၂၀၁၃ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ သန်း သုံးစွဲသွားမည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် အဆိုပါယာဉ်လေးစင်း ၀ယ်ယူရန် ရည်ရွယ်ထားပြီး၊ ၄င်းယာဉ်များကို နာဂါစကီစီရင်စုတွင် အခြေစိုက်သည့် ခြေလျင်တပ်၌ ထားရှိသွားမည်ဖြစ်ပြီး ကျူရှူးနှင့် အိုကီနာဝါ ဒေသများကို ကာကွယ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံပိုင် ကျွန်းများကို ကာကွယ်ရန်အတွက် လိုအပ်သည့် အသုံးစရိတ်ကို တောင်းခံသွားမည်ဖြစ်သည်ဟု ဂျပန်ဒုတိယ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် အရှေ့တရုတ် ပင်လယ်အတွင်းရှိ နန်စီဘီကျွန်းများကို ကာကွယ်ရန်အတွက် ကာကွယ်ရေး စွမ်းအားကို တိုးမြှင့်ရန်အတွက် ထိုယာဉ်များကို ၀ယ်ယူရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1