Friday, August 24, 2012

ပိုးထည် ဆိုင်ဖွင့်ပြန်တဲ့ သားစိုး

Ever November | 8/24/2012 10:56:00 AM | Best Blogger Tips

သားစိုးနဲ့ ငယ်ငယ်တို့က အမှတ်- ၁၁၈၊ ရွှေတောင်တန်း လမ်းမှာ ရွှေပိုး နန်းတော် ဆိုတဲ့ ပိုးထည်ဆိုင် ဖွင့်လှစ်ထား ပြီဖြစ်ပါတယ်။ အင်္ကျီ ဒီဇိုင်း တွေ ကို ယိုးဒယား ပိုးထည်နဲ့ မြန် မာပိုးထည် ရောသမမွှေ ဖက်ရှင် ပုံစံတွေနဲ့ ပုံဖော်မှာဖြစ်ကြောင်း သားစိုးကပြောပါတယ်။ ဒီပိုးထည်ဆိုင်ကို ၂ဝဝ၆ ခုနှစ်လောက်က တည်းက ဖွင့်ဖို့ စဉ်းစားထား ခဲ့တာဖြစ်ပြီး အကြောင်း အမျိုးမျိုးကြောင့်ကြား ထဲမှာ မဖွင့်ဖြစ်ခဲ့ ဘဲအခုမှ အကောင် အ ထည်ေ ဖ်ာဖြစ် ခြင်းဖြစ်ကြောင်း ဆိုပါတယ်။ " မြန်မာဒီဇိုင်း တွေကို ကြိုက်တယ်လေ ။ ကျွန်တော်က မြန်မာဒီဇိုင်း နဲ့ပတ်သက်တဲ့ စာအုပ်တွေကို အများကြီးလေ့ လာထားတယ်။ ကျွန်တော့်အခွေ ရဲ့ပုံတွေမှာဆိုရင် မြန်မာ ဒီဇိုင်းပုံတွေ အမြဲတမ်းပါတယ်။ အဲဒါတွေ ကြောင့်မို့ ဖွင့်ဖြစ်တာပါ။ အင်္ကျီ ဒီဇိုင်းတွေနဲ့ ဆိုင် အပြင်အဆင်တွေကို ကျွန်တော် လုပ်ထား တယ်။ မြန် မာ တစ်နိုင်ငံ လုံး ကိုလည်း ဖြန့် မှာပါ။ လက်လီ၊ လက်ကားယူ ချင်တဲ့သူတွေ အနေနဲ့လည်း ရန်ကုန်ကနေ ဆက်သွယ်လို့ ရတယ်။ မြန်မာ့ ပိုး ထည်တွေ ကို ကျွန်တော်တို့ က ကွာလတီကောင်းကောင်း နဲ့ အကောင်း ဆုံးဖြစ်အောင် ရောင်းပေး မယ်။ နောက် ကျွန်တော် တို့ဆီက ပိုးထည်တွေက ရေစိုရင် ကျွတ်တာတို့၊ ပြဲတာတို့ကို အာမခံနဲ့ရောင်း ပေးမယ်။ ကျွန်တော်တို့က ထိုင်းက ပိုးထည်၊ ချည်ထည်တွေရော၊ မြန်မာပြည် က ပိုးထည်၊ ချည်ထည်တွေအကုန်လုံးကို ဒိုင်အနေနဲ့ လက်လီ၊ လက်ကား ပြန်ဖြန့်မှာပါ" လို့ သား စိုးက ပိုးထည် ဆိုင် ဖွင့်ဖြစ် ရခြင်း အကြောင်းကို ရှင်းပြ ပါတယ်။ သားစိုးက ပိုးထည်ဆိုင်ကို ဇနီးဖြစ် သူ တစ်လှည့်သူ တစ်လှည့် ဆိုင်ထိုင်ဖြစ်မှာဖြစ်ပြီး ပညာရေး ဝန်ဆောင် မှု လုပ်ငန်းကိုလည်း တစ်ဖက် ကနေ လုပ်ဆောင် သွားဦး မှာ ဖြစ် ကြောင်း၊ ပိုးထည် ဆိုင်လုပ်ငန်းက နောက်ထပ် စီးပွားရေး တစ်ခု အနေနဲ့ လုပ်ဖြစ်ခြင်းဖြစ်ကြောင်း၊ ပိုးထည်ဆိုင် ဖွင့်ဖို့နဲ့ ပတ်သက်ပြီး အနု ပညာ မောင်နှမတွေ ကလည်း အကြံ ဥာဏ်တွေ ပေးကြကြောင်း၊ ဆိုင်မှာ ပင်တိုင် ဒီဇိုင်နာလည်း ထားရှိမှာဖြစ်သလို၊ အပြင်က ဒီဇီုင်နာတွေ ကိုလည်း အပ်သွားဖို့ စီစဉ်ထား ကြောင်းပြောပါတယ်။

လင်းအက္ခရာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1