Friday, August 24, 2012

ဝင်းဦး ပုံစံဝတ်၊ ဝင်းဦး သီချင်းတွေ ဆိုရင်း ပရိသတ်တွေကို ပွဲကျစေခဲ့တဲ့ တင်မောင်ဆန်းမင်းဝင်း

Ever November | 8/24/2012 11:14:00 AM | Best Blogger Tips

အမေရိကကို ဖျော်ဖြေရေး ထွက်ခွာသွား ခဲ့ကြတဲ့ တင်မောင်ဆန်းမင်းဝင်း၊ မိုးမိုး၊ ထွန်း ထွန်း၊ မေကဗျာ တို့ဟာ သြဂုတ် ၁၁ ရက်နေ့ လော့စ် အိန်ဂျလိ မှာ စတင်ဖျော်ဖြေ ခဲ့ကြပြီး သြဂုတ် ၁၄ ရက်နေ့မှာ လက်စ်ဗီးဂတ် မြို့ မှာ ဖျော်ဖြေ ခဲ့ ကြပါတယ်။ အမေရိကမှာ ရောက်ရှိ နေတဲ့ နီနီဝင်းရွှေ က လည်း ပါဝင်အားဖြည့် ဖျော်ဖြေပေး ခဲ့ပြီး လော့စ်အိန်ဂျလိပွဲ မှာရော၊ လက်စ် ဗီးဂတ် ပွဲ မှာရော ပရိသတ်တွေ အများအပြား လာရောက် အားပေး ခဲ့ ကြကြောင်း တင်မောင် ဆန်းမင်းဝင်း ကဖေ့စ်ဘုတ် က တစ်ဆင့် ပြောပြ ပါ တယ်။ နှစ်မြို့စလုံးမှာ အငြိမ့်၊ နှစ်ပါး သွား၊ စတိတ်ရှိုး ကဏ္ဍတွေကို မျှတစွာနဲ့ တင်ဆက် ခဲ့ကြပြီး ဝင်းဦး ပုံစံဝတ်ပြီး ဝင်းဦး သီချင်း တွေကို သီဆို ခဲ့တဲ့ တင်မောင် ဆန်းမင်းဝင်းက ''ဦးဝင်းဦး ဝတ်ခဲ့တဲ့ အင်္ကျီပုံစံကို ရန်ကုန်မှာ က တည်း က ကြိုယူ သွားတာ။ အမေရိကမှာ ဦးဝင်းဦး အင်္ကျီ ဝတ်ပြီး သူ့ရဲ့ သီချင်းတွေ ကို ပရိသတ်တွေ အတွက် အမှတ်တရ သီဆို ပေး မယ်ဆိုပြီး ကြို စဉ်း စား ထားခဲ့ တာပါ။ ဦးဝင်းဦး ပုံစံ ဝတ်ပြီး ဦးဝင်းဦး ရဲ့သီချင်းတွေ ဆို တော့ အသက် ၄ဝ ကျော်၊ ၅ဝ အရွယ် အမျိုးသမီး ပရိ သတ်တွေ က ဦးညွန့် ဝင်းကြီး နဲ့ တူလိုက်တာ ဆိုပြီး စင်ပေါ်မှာ ဓာတ်ပုံတွေ တွဲရိုက်ကြ တယ်။ နောက် ဦးဝင်းဦး ကို သတိရ လိုက်တာ ဆိုပြီး ပြောကြ တယ်။ အဲဒါ ကတော့ အမှတ်တရ ပါပဲ ''လို့ဆိုပါတယ်။ တင်မောင် ဆန်းမင်းဝင်း တို့က သြဂုတ်လ ၁၈ ရက်နေ့မှာတော့ နော့သ်ကောရို လိုင်းနား၊ သြဂုတ် ၂၅ ရက်နေ့ မှာ နယူးယောက်မြို့မှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၁ ရက်နေ့မှာ တော့ မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

လင်းအက္ခရာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1