Friday, August 24, 2012

သဘာဝဘေး အထူးကယ်ဆယ်ရေးတပ်ဖွဲ့ ဂျပန်ရဲတပ်ဖွဲ့ ထူထောင်ဖွဲ့စည်းမည်

Ever November | 8/24/2012 02:30:00 PM | Best Blogger Tips

မြို့ပြဒေသများ၌ ဖြစ်ပွားသော မြေငလျင်လှုပ်မှုများနှင့် နိုင်ငံတကာ၌ ဖြစ်ပွားသော သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် အကူအညီပေးနိုင်ရန် ဂျပန်နိုင်ငံ တိုကျိုရဲတပ်ဖွဲ့က အထူးကယ်ဆယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက သြဂုတ် ၂၃ ရက်တွင် ပြောကြားသည်။ အထူးကယ်ဆယ်ရေးတပ်ဖွဲ့၏ လက်ရွေးစင်အဖွဲ့ဝင် ၅ ဦး ပါဝင်မည်ဖြစ်ပြီး ၄င်းတို့သည် ဂျပန်နိုင်ငံ၌ ၂၀၁၁ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သော မြေငလျင်နှင့် ဆူနာမီ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည်။ အထူးကယ်ဆယ်ရေးတပ်ဖွဲ့ကို စက်တင်ဘာ ၁ ရက်တွင် တရားဝင်ထူထောင်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံ၏ အမျိုးသား သဘာဝဘေးအန္တရယ် တားဆီးကာကွယ်ရေးနေ့သည် ယင်းနေ့တွင် ကျရောက်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1