Friday, August 24, 2012

မဟာချိုင် ပုလိပ်များ ပတ်စပို့ရှိသည့် မြန်မာများအားဖမ်းစားနေမှု မြန်မာသံရုံးအရေးယူသင့်

Ever November | 8/24/2012 02:32:00 PM | Best Blogger Tips

မဟာချိုင်တွင် ပတ်စပို့နှင့် မြန်မာအလုပ် သမားများအား ထိုင်းရဲများ က နေ့စဉ် အနည်းဆုံး ဦးရေ ၅၀ နှင်အထက်ဖမ်းဆီးပြီး ငွေရမှ ပြန် လွှတ်လေ့ရှိနေသဖြင့် ယခုမတရားမှုများကို မြန်မာ သံရုံးအနေဖြင့် ကိုင်တွယ် ဖြေရှင်းပေး ပါရန် ကိုယ်တွေ့ကြုံခဲ့ရသည့် အလုပ်သမားများ ကပြော သည်။

 ယမန်နေ့က စူရတ်ဌာနီမှ ဘန်ကောက်သို့ အလုပ်သစ်ရှာရန် တက်လာကြသည့် ပတ်စပို့ ကိုင်ဆောင်ထားသည့် ပန်းရံအလုပ်သမား ကိုလှဖြူ နှင့် မမြင့်မြင့်ခိုင် တို့ ဇနီးမောင်နှံ တို့အား နံက်၈နာရီခန့် က မဟာချိုင် ကားမှတ်တိုင် တွင် ကားစောင့်နေစဉ်မဟာချိုင်ပုလိပ်များက လေးထပ်ပုလိပ်ရုံးသို့ဖမ်းဆီး   ခေါ်ဆောင်သွားခဲ့သည်။
           ရဲစခန်းတွင် နံနက် ထမင်းမစားရရုံးသာမက ရေမျှပင် မသောက်ခဲ့ရကြောင်း ကိုလှဖြူက ပြောသည်။
“ချဲထိုးတဲ့ အလုပ်သမားတွေကိုဖမ်းတာ ကျနော် မပြောလိုဘူး။ သမီးရည်းစား ဓါတ်ပုံရိုက်တာတောင်ဖမ်း
လာတယ်။ ဒီနေ့ လူ ၆၀ လောက်ဖမ်းလာတာ ပတ်စပို့ရှိတဲ့သူ ၅၀ လောက်ပါတယ်။ ဘတ်ငွေ ၂၀၀၀
တောင်းပြီး ပြန်လွှတ်တယ်။ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို ပပျောက်အောင် ကူညီပေးမှ ဖြစ်ပါမယ်။
မဟာချိုင်ဆိုတာ အလုပ်သမား သိန်းပေါင်းများစွာရှိနေတဲ့ နေရာဖြစ်တယ်။ ပတ်စပို့လုပ်ထားတဲ့အလုပ်
သမားတွေကို ထိုင်းနဲ့ မြန်မာအစိုးရတို့ မတရားဖမ်းစားခံနေရာကို လုံးဝ ကာကွယ်ပေးနိုင်ရပါမယ်”
ထိုင်းတစ်နိုင်ငံလုံးနီးပါး ပန်းရံလုပ်သားအဖြစ်ဖြင့် နေရာအတော်များများ တို့သို့ ရောက်ဖူးခဲ့သေည်လည်း
မဟာချိုင် ပုလိပ်ကဲ့သို့ အောက်တမ်းကျတာ မမြင်ဖူးခဲ့ကြောင်း သူက ဆက်လက်ပြောဆိုသည်။
ပတ်စပို့ရှိသည့် သူငယ်ချင်း တစ်ဦးအား ဘတ် ၂၀၀၀ ပေး၍ လာရောက်ရွေးထုတ်သည့် ရခိုင်လူငယ် တစ်
ဦးအား ကွမ်းယာ ယူဆောင်လာမှုဖြင့် ထပ်မံငွေပေးခဲ့ရကြောင်း၎င်း က ထပ်မံပြောဆိုသည်။
                မမြင့်မြင့်ခိုင် က “မနက်ကတည်းက  မြန်မာသံရုံးကို ဖုန်းဆက်ထားပါတယ်။ နေ့လည်ပိုင်းလည်း ဆက်ပါတယ်။ တစ်နေကုန် ရေတောင် ၀ယ်သောက်ခွင့်မပြုဘူး။ ညနေ ၅နာရီလောက်ရှိလာတော့ ဗိုက်က လည်းဆာလာတယ်။ အဲဒီအချိန်မှာ မြန်မာသံရုံးက ပုလိပ်နဲ့ လှမ်းပြောပါတယ်။ ပုလိပ်က သံရုံးကိုအကြောင်း ကြားရကောင်းလားလို့  ကျမ ခင်ပွန်းကိုထိုးမလိုလုပ်ပါသေးတယ်။ ကျမတို့မှာ ပါလာတဲ့ဘတ် ၅၀၀ ကိုပေးခဲ့ ရပါတယ်။ လမ်းစရိတ်ချေးပြီး ပြန်လာခဲ့ရပါတယ်၊ သံရုံးက တာဝန်ရှိတဲ့သူ တစ်ဦးဦး ကိုယ်တိုင်လာပြီးတော့ ဒီလိုမတရား ဖမ်းဆီးမှုကိုသုံးလေးကြိမ်လောက် ၀င်ရောက် ရှင်းလင်းပေးရင် မဟာချိုင်က ပုလိပ်တွေ ရှက်ပြီးတော့ နောက်ထပ် လုပ် တော့မှာမဟုတ်ဘူးလို့  ကျမယူဆပါတယ်။ ခုဟာက ပတ်စပို့ကိုပြလို့လည်း မရဘူးဆိုတော့ ကျမတို့ ဘ၀က လုံခြုံမှု ဘယ်လိုရှိတော့မလဲ”ဟုပြောသည်။
  ပြီးခဲ့သည့် အပတ်က ပတ်စပို့လက်ဝယ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား   မြန်မာအလုပ်သမား ၁၂ဦးတို့အားဘန်ကောက်မြန်မာသံမှူးကြီးဦးနိုင်ထွန်းကအဆိုပါရဲစခန်းသို့ဖုန်းဆက်ပြောဆိုခဲ့သဖြင့်  ငွေပေး
စရာမလိုပဲပြန်လည် လွတ်မြောက်ခဲ့ဖူးသည်။
   ဘန်ကောက်မြို့နှင့်ကီလိုမီတာ ၅၀ ခန့် အကွာတွင်ရှိသော ပင်လယ်အစားအစာများ အဓိကထုတ်လုပ်ရာ မဟာချိုင်တွင် လူကုန်ကူးမှုနှင့် လုပ်အားခ ခေါင်းပုံဖြတ်ခံရမှု အထူးများပြောကြောင်း  အလုပ်သမားအရေး   ဆောင်ရွက် သူများက ပြောသည်။ ငွေများစွာ အကုန်ကျခံပြီး ယာယီ ပတ်စပို့လုပ်ထားသည့် အလုပ်သမား များ အား မဟာချိုင်ပုလိပ်များက ယခုကဲ့သို့အစဉ်အမြဲ ဖမ်းစားလေ့ရှိသည်။     ပတ်စပို့ရှိသည့်အလုပ်သမားများကိုထိုင်းနှင့်မြန်မာအစိုးရတို့ကာကွယ် ပေးနိုင်ခြင်းအပြည့်အ၀မရရှိခြင်း
 ကြောင့်  ပတ်စပို့ လုပ်ငန်းကို အချို့ အလုပ်သမားများက အယုံအကြည်မရှိကြ တော့သဖြင့်ပတ်စပို့ လုပ်လိုစိတ် မရှိကြကြောင်း အလုပ်သမားများ ကပြောပြကြသည်။
ရွှေလုပ်သားဂျာနယ်

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1