Wednesday, August 8, 2012

အာဆီယံနေ့အခမ်းအနား ကမ္ဘောဒီးယား၌ကျင်းပမည်

Ever November | 8/08/2012 02:33:00 PM | Best Blogger Tips

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော ကမ္ဘောဒီးယားနိုင်ငံက သြဂုတ် ၈ ရက်တွင် (၄၅)နှစ်မြောက် အာဆီယံနေ့ ကျင်းပမည်ဖြစ်ကြောင်း သြဂုတ် ၇ ရက်၌ ကမ္ဘောဒီးယားနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။ အာဆီယံ အလံတင်အခမ်းအနားကို သြဂုတ် ၈ ရက် နံနက်တွင် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီးရုံး၌ ကျင်းပမည်ဖြစ်ကြောင်း။ အခမ်းအနား သဘာပတိအဖြစ် ဒုတိယ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့က ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနေ့ ညနေပိုင်းတွင် ဧည့်ခံပွဲတစ်ရပ် ကျင်းပမည်ဖြစ်ပြီး ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆင်နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အာဆီယံကို ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်တွင် ထူထောင်ခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ကြသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1