Wednesday, August 8, 2012

သီရိလင်္ကာရေတပ် ဖမ်းဆီးခဲ့သည့် တရုတ်ငါးဖမ်းသမားများကို အမြန်ဆုံးလွှတ်ပေးရန် တရုတ်သံရုံးတောင်းဆို

Ever November | 8/08/2012 02:40:00 PM | Best Blogger Tips

သီရိလင်္ကာရေတပ်က သြဂုတ် ၅ ရက်ညပိုင်းတွင် ဖမ်းဆီးခဲ့သည့် တရုတ်ငါးဖမ်းသမား ၃၇ ဦးကို ပြန်လွှတ်ပေးရန် တရုတ်သံရုံးမျ သြဂုတ် ၆ ရက်အစောပိုင်းက တောင်းဆိုခဲ့သည်ဟု သိရသည်။ တရုတ်ငါးဖမ်းသမားများသည် သီရိလင်္ကာ ရေပိုင်နက်အတွင်းသို့ တရားမ၀င် ၀င်ရောက်လာခဲ့ခြင်းကြောင့် ရေတပ်မှဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အခြားစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ရဲဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ရေတပ်မှူး ကိုဆာလာဝါနာကူလာဆူရီယာက ပြောကြားသည်။ သို့ရာတွင် တရုတ်ငါးဖမ်းသမားများကို ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ လုပ်ဆောင်ရန်၊ အမှန်တရားကို ရှာဖွေရန်နှင့် မြန်နိုင်သမျှ မြန်မြန် ပြန်လွှတ်ပေးရန် သီရိလင်္ကာအာဏာပိုင်များကို တရုတ်သံရုံးက တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1