Tuesday, August 7, 2012

ပီအက်စ်ဂျီအသင်းမှ မော်ရာအား ယူရို (၄၅)သန်းဖြင့် ကမ်းလှမ်းမည်ဖြစ်ကြောင်း မိုရက်တီဖွင့်ဟ

Ever November | 8/07/2012 08:22:00 PM | Best Blogger Tips
အင်တာမီလန် အသင်း၏ ဥက္ကဋ္ဌ မိုရက်တီ
အင်တာမီလန် အသင်း၏ ဥက္ကဋ္ဌုဖြစ်သူ မိုရက်တီမှ ပီအက်စ်ဂျီ အသင်းသည် မော်ရာအား ခေါ်ယူနိုင်ရန် အတွက် ဆော်ပေါ်လို အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို (၄၅)သန်း ပေးချေရန် ကမ်းလှမ်းခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
အသက် (၁၉)နှစ် အရွယ်ရှိ မော်ရာသည် ဥရောပ ထိပ်တန်း ကလပ်များ၏ ပစ်မှတ်ထားခြင်းကို ခံနေရသူ ဖြစ်ကာ မန်ယူ အသင်းမှ ၎င်းအား ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေသော်လည်း မိုရက်တီ၏ ပြောဆိုချက် အရ ပီအက်စ်ဂျီ အသင်းသည် မန်ယူ အသင်း၏ ကမ်းလှမ်းမှုထက် ယူရို (၁၅)သန်း ပိုမိုပေးချေ၍ ကြားဖြတ်ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။
မိုရက်တီက ဆက်လက်ပြီး အင်တာမီလန် အသင်းသည် ပီအက်စ်ဂျီ အသင်းနှင့် ငွေကြေး အခြေအနေ အရ ယှဉ်ပြိုင်ရန် မဖြစ်နိုင်သောကြောင့် မော်ရာအား ခေါ်ယူရန် ကြိုးပမ်းမှုကို လက်လျော့ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ 
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1