Tuesday, August 7, 2012

မွတ်ဆလင်အများစုရှိသည့် အီဂျစ်နိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်များကို တိုက်ခိုက် လျက်ရှိ

Ever November | 8/07/2012 09:14:00 PM | Best Blogger Tips

အီဂျစ်လူမျိုး Coptic အကြီးအကဲ ဘုန်းတော်ကြီး တစ်ပါးက သောကြာနေ့တွင် ထုတ်ဖော် ပြောဆိုလိုက်ပြီး အစ္စလာမ်ဘာသာဝင် သမ္မတ မိုဟမ္မက်မော်ရ်စီ၏ အစိုးရ အဖွဲ့တွင် Copt ဘာသာဝင် တစ်ဦးပါဝင်ကြောင်း ၄င်းက ဝေဖန်ပြောဆိုလိုက်သည်။ ခရစ်ယာန် ဘာသာဝင်တွေနဲ့ ပတ်သက်တဲ့အခြေအနေတွေက ပြောင်းလဲ လျက်ရှိသည်။ ခရစ်ယာန်တွေအပေါ် စော် ကားမော်ကားလုပ်တာတွေ များ များလာတယ်။ ဘုန်းတော်ကြီး တစ်ပါး လုပ်ရတဲ့ကိစ္စ မရှိတော့ သလောက်ပါပဲ”ဟု ခရစ်ယာန် ဘုန်းတော်ကြီး မော်ရ်ကော့စ်က အေအက်ဖ်ပီသတင်းဌာနကို ပြော ကြားခဲ့သည်။
ဗုဒ္ဓဟူးနေ့က မွတ်ဆလင်တို့ သည် ကိုင်ရိုမြို့ပြင်ဘက်ရှိ ကျေး ရွာတစ်ရွာတွင် ဘုရားရှိခိုးကျောင်း (Church) တစ်ကျောင်းနှင့် ခရစ် ယာန်ဘာသာဝင်တို့၏အိမ်များကို တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ဖြစ်ရ ခြင်းမှာ မွတ်ဆလင်တစ်ဦးသည် ခရစ်ယာန်တစ်ဦးနှင့် စကားများရန်ဖြစ်ရာမှရရှိသော ဒဏ်ရာကြောင့် သေဆုံးသွားချိန်တွင် ဒဏ်ရာ ရသွားသူ ၁၆ ဦးကို ထိုကဲ့သို့ပြု လုပ်စေခဲ့သည်ဟု သိရသည်။
အစိုးရအဖွဲ့ထဲတွင် Coptic ဘာသာဝင်ကိုယ်စားလှယ်များ ပါဝင်စေရမည်ဟု ကတိကဝတ်ပြု ခဲ့သော သမ္မတမော်ရ်စီသည် ယခင် အစိုးရအဖွဲ့ထဲမှ ခရစ်ယာန်ဘာသာ ဝင် သိပ္ပံသုတေသနဝန်ကြီးတစ်ဦး ဖြင့်သာ ဝန်ကြီးအဖွဲ့သစ်ကို ကျမ်း သစ္စာကျိန်ဆိုစေခဲ့သည်။ “ကတိပေးထားတာနဲ့ လက် တွေ့လုပ်တာဟာ သိသိသာသာ ခြားနားနေတယ်ဗျာ။ ကတိပေး ထားတာကို အကောင်အထည်ဖော်ရာမှာအတားအဆီးတွေလည်းရှိချင် ရှိမှာပေါ့။ ဒါမှမဟုတ်လည်း ကတိ က တခြား အကောင်အထည်ဖော် တာကတခြားလည်း ဖြစ်ချင်ဖြစ် မှာပေါ့”ဟု ခရစ်ယာန်ဘုန်းတော် ကြီး မော်ရ်ကော့စ်က ဆိုသည်။
ပြီးခဲ့သည့်နှစ်အစောပိုင်းက တည်းက သမ္မတဟော့စနီမူဘာ ရက်ကို ဖြုတ်ချသည့် အဓိကရုဏ်း များဖြစ်ပွားစဉ်ကလည်း၊ဂိုဏ်းဂဏ စွဲတိုက်ပွဲများတွင် Copts ဘာသာ ဝင် ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရ သည်။ အီဂျစ်နိုင်ငံ၏ ကြားဖြတ်စစ် ခေါင်းဆောင်များကအကြီးအကျယ် ပါဝင်ဆောင်ရွက်ခဲ့ကြသော်လည်းဂိုဏ်းဂဏစွဲ တင်းမာမှုများနှင့် အကြမ်းဖက်မှုတို့သည် တိုးလျက် သာရှိသည်ဟု အမေရိကန်ပြည် ထောင်စုက တနင်္လာနေ့တွင် သတိ ပေးပြောကြားလိုက်သည်။
Coptic ခရစ်ယာန်ဘာသာ ဝင်များနှင့်ပတ်သက်၍ ပေါ်ထွက် လာသည့် အကြမ်းဖက်မှုကို ထိန်း ချုပ်ရန် အီဂျစ်အစိုးရ၏ ပျက်ကွက် မှုနှင့် အဆိုပါအကြမ်းဖက်တိုက် ခိုက်မှုတွင် အစိုးရကိုယ်တိုင်ပါဝင်မှု နှစ်ရပ်စလုံးအပေါ် စိုးရိမ်ဖွယ်ရှိကြောင်း ဝါရှင်တန်၏ ၂၀၁၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ် ခွင့်အစီရင်ခံစာတွင် ဖော်ပြထား သည်။ အီဂျစ်နိုင်ငံ၏ အမာခံပြည်သူ ၈၂ သန်းအနက်ကမှ အကြမ်းဖျင်း ၁၀ ရာခိုင်နှုန်းသာရှိသော Copts တို့သည် မူဘာရက်ဖြုတ်ချမခံရမီ မှာပင် ဂိုဏ်းဂဏစွဲ တိုက်ခိုက်မှု များအတွက် ပစ်မှတ်ဖြစ်ခဲ့သည်ဟု ဆိုသည်။
မူဆလင်အများစုရှိသော အီဂျစ်နိုင်ငံတွင် မွတ်ဆလင်များနှင့် ခရစ်ယာန်များအကြား အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် ဂိုဏ်းဂဏ စွဲတင်းမာမှုများမှာ ဆယ်စုနှစ်များ စွာကြာအောင် အထင်ကရဖြစ် ပေါ်လာခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်န ဝါရီလတုန်းကလည်း အလက်ဇန်း ဒရီးယားမြို့ ဘုရားကျောင်း အပြင် ဘက်ရှိ ခရစ်ယာန်ဘာသာဝင် ၂၀ ကျော်ကို အသေခံဗုံးခွဲ လုပ်ကြံခဲ့ သည်ဟု သိရသည်။
မာန်သစ်နိုး
Venus News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1