Wednesday, August 22, 2012

ထရီပိုလီမြို့ လုံခြုံရေးအဆောက်အအုံအနီး ဗုံးပေါက်ကွဲ

Ever November | 8/22/2012 01:20:00 PM | Best Blogger Tips

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်ရှိ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် လုံခြုံရေး အဆောက်အအုံများ အနီးတွင် သြဂုတ် ၁၉ ရက်က ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားသဖြင့် အနည်းဆုံး နှစ်ဦးသေဆုံးခဲ့သည်။ ပထမကားဗုံးမှာ ထရီပိုလီမြို့ ပြည်ထဲရေးဝန်ကြီးဌာန အုပ်ချုပ်ရေးရုံးများ အနီးတွင် ပေါက်ကွဲသော်လည်း ထိခိုက်သေဆုံးမှု မရှိဟု ဆိုသည်။ အခင်းဖြစ်ပွားရာ နေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်သောအခါ အခြားကားနှစ်စီးမှာ ဗုံးခွဲတိုက်ခိုက်ခြင်း မပြုသေးပေ။ မိနစ်အနည်းငယ်အကြာတွင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးမေးမြန်းမှုနှင့် ဖမ်းဆီးချုပ်နှောင်မှုတို့အတွက် အသုံးပြုသော အမျိုးသမီးရဲသိပ္ပံဌာနချုပ်ဟောင်းအနီး၌ ၄င်းကားနှစ်စီး ဗုံးကွဲမှု ဖြစ်ပွားခဲ့သည်။ ယင်းဗုံးခွဲတိုက်ခိုက်မှုကြောင့် နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1