Wednesday, August 22, 2012

မိုဘိုင်းလ်ဖုန်း ပစ်ပေါက်ပြိုင်ပွဲတွင် ဖင်လန်ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့

Ever November | 8/22/2012 09:40:00 AM | Best Blogger Tips

ဖင်လန်နိုင်ငံ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မိုဘိုင်းလ်ဖုန်း ပစ်ပေါက်ပြိုင်ပွဲတွင် ဖင်လန်နိုင်ငံသား ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦးသည် ကမ္ဘာ့စံချိန်တင်နိုင်ခဲ့သည်ဟု သိရသည်။ တစ်ဆယ့်ရှစ်နှစ်အရွယ်ရှိ အီရီကာဂျာလိုင်နန်သည် ပြိုင်ပွဲတွင် ၄င်း၏ဖုန်းကို အကွာအဝေး ၁၀၁ ဒသမ ၄၆ မီတာအထိ ပစ်ပေါက်နိုင်ခဲ့ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ကြောင်းသိရသည်။ပြိုင်ပွဲတွင်ဒုတိယရရှိခဲ့သူမှာ တောင်အာဖရိက်မှ ဂျေရမီဂါလ်လော့ပ်ဆိုသူဖြစ်ပြီး ၄င်းသည် အကွာအဝေး ၉၄ ဒသမ ၆၇ မီတာအထိ ပစ်ပေါက်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မိုဘိုင်းလ်ဖုန်း အသုံးပြုသူများအနေဖြင့် ၄င်းတို့ အသုံးပြုနေသည့်ဖုန်းကြောင့် ဖြစ်ပေါ်လာသော စိတ်အလိုမကျမှုနှင့် အားမလို အားမရ ဖြစ်မှုအားလုံးတို့ကို ပြန်လည် လက်တုံ့ပြန်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1