Wednesday, August 22, 2012

အမျိုးသား လွှတ်တော်က အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှု စတင်ပြုလုပ်မည်

Ever November | 8/22/2012 09:27:00 AM | Best Blogger Tips
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို

ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များက နှုတ်ထွက်ပေးမည် မဟုတ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့က ထုတ်ဖော် ပြောကြား လိုက်သည့် အတွက် အမျိုးသား လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးကို စွပ်စွဲ ပြစ်တင်မှုများစတင် ပြုလုပ် တော့မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ယနေ့ ပြောကြားသည်။"စွပ်စွဲ ပြစ်တင်မှု အရင် လုပ်မယ်။ ပြီးရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မယ်" ဟု၎င်းက ဆက်လက် ပြောဆိုသည်။ပြည်သူ့လွှတ်တော် ဥပဒေ၊ အမျိုးသား လွှတ်တော် ဥပဒေ တို့တွင် လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသော ကော်မတီ၊ ကော်မရှင်၊ အဖွဲ့အစည်း အသီးသီးမှာ ပြည်ထောင်စု အဆင့်ပင် ဖြစ်ပြီး ခုံရုံး၏ ဆုံးဖြတ်ချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကွဲလွဲနေသည့်အတွက်အခြေခံဥပဒေကို ပြင်ဆင်သွားရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ပြောဆိုသည်။

ယခု တစ်ကြိမ်တွင်မူ အမျိုးသား လွှတ်တော်က စွပ်စွဲ ပြစ်တင်မှု စတင်ပြုလုပ်မည် ဖြစ်ပြီး ၎င်းစွပ်စွဲ ပြစ် တင်မှု ပြည်သူ့လွှတ်တော်သို့ ရောက်ရှိလာပါက ပြည်သူ့လွှတ်တော် စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းကာ စုံစမ်း စစ်ဆေး ရမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။

စွပ်စွဲ ပြစ်တင်မှု ပြုလုပ်ရန် လွှတ်တော် ကိုယ်စားလှယ် လေးပုံတစ်ပုံသာ ထောက်ခံရန် လိုအပ်ပြီး စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း စစ်ဆေးရန် မှာမူ လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံ ထောက်ခံရန် လိုအပ်သည့် အတွက် အမျိုးသား လွှတ်တော်က စွပ်စွဲပြစ်တင်မှုအဆိုတင်သွင်းခြင်း စတင် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးရာကျော်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသည် ပုဒ်မ ၃၃၄၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် ၂ ပါ ပြဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် ၅ ဥပဒေအရ ပေးအပ် ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း တို့ကြောင့် စွပ်စွဲပြစ်တင်မှု ပြုလုပ်ရန် သဘောထားကို သြဂုတ်လ ၈ ရက်နေ့တွင် လွှတ်တော် လူ့အခွင့်အရေး ကော်မတီ မှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံသို့ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များ သြဂုတ်လ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး နုတ်ထွက်ပေးရန် သဝဏ်လွှာ ပေးပို့ခဲ့ရာ နိုင်ငံတော် သမ္မတက အဖွဲ့အစည်းနှစ်ခု (လွှတ်တော်နှင့်ခုံရုံး) သည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေးအပ်ထားသည့် သီးခြား လွတ်လပ်သော အဖွဲ့အစည်းများ ဖြစ်သဖြင့် ကြိုက်နှစ်သက်ရာ နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်ခွင့် ရှိကြောင်း အခြေခံဥပဒေ ခုံရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သတ်၍ ပြည်သူ သန်းခြောက်ဆယ်၏ မျက်နှာ ကို ထောက်ထား၍ သော် လည်းကောင်း၊ မဏ္ဍိုင်ကြီး သုံးရပ်၏ စည်းလုံး ညီညွှတ်မှုကို မထိခိုက်စေ၍ သော်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲ ပြစ်တင်မည့် နည်းလမ်း ဆောင်ရွက်မည့် အစား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း နည်းလမ်းကို အသုံးပြုပါက ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဌထံသို့ သဝဏ်လွှာ ပေးပို့ခဲ့သည်။
 The Voice Weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1