Wednesday, August 22, 2012

"ကြော်ငြာရိုက်ရတာထက် ဗီဒီယိုရိုက်ရတာက ပိုခက်ကြောင်း စံရတီမိုးမြင့်ပြော"

Ever November | 8/22/2012 02:11:00 PM | Best Blogger Tips

စံရတီမိုးမြင့်ကလတ်တလောမှာဒါရိုက်တာကုသိုလ်ရိုက်ကူးတဲ့ 'ကြောင် ပိန်တော့ ကြွက်ကယောက်ဖလို့ခေါ်တာပေါ့'ဆိုတဲ့ ဇာတ်ကားမှာ ကျော်ရဲ အောင်၊ ရဲရင့်ထူးတို့နဲ့ အတူ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာ ကျော်ရဲအောင်နဲ့ ရဲရင့်ထူးတို့ အချစ်ပြိုင်ရတဲ့ဇာတ်လေးဖြစ်ပြီး စံရတီမိုးမြင့်က အကြိုက်ခံရတဲ့ ကောင်မလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ လတ်တလောမှာ ထွက်ရှိထား တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ရိုက်ကူးထားတဲ့ 'သမိုင်းသစ် ကောင်းကင်'ဆိုတဲ့ ဇာတ်ကားကို ပရိသတ်တွေ ကြိုက်နှစ်သက် ကြတာကိုတွေ့ရပါတယ်။ ဒီကား လေးမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့ အပေးအယူ မျှခဲ့တဲ့အတွက် အခက်အခဲရှိ ကြောင်း၊ ပရိသတ်တွေ ကြိုက်ကြတဲ့အတွက် လည်း ဝမ်းသာပီတိဖြစ် ကြောင်း ပြောပါတယ်။ စံရတီမိုးမြင့်က ဖန်စီ၊ အချစ်၊ ဒရာမာဇာတ်တွေ အရိုက်များပြီး ဟာသဇာတ်တွေ သိပ်မရိုက်ဖြစ်တာ တွေ့ရပါတယ်။ အနုပညာသက်တမ်းနှစ်နှစ်ရောက်လာ ပြီဖြစ်တဲ့အတွက် ပရိသတ်တွေကိုလည်း ဇာတ်လမ်းအစုံနဲ့ ရိုက်ပြချင် ကြောင်း ပြောလာတဲ့ စံရတီမိုးမြင့်က..''ဟာသကားတွေ သိပ်မရိုက်ဖြစ်ဘူး။ အနုပညာရှင် တစ်ယောက်အနေနဲ့တော့ ကာရိုက်အစုံလုပ်ကြည့်ချင်တယ်။ မလုပ် ဖူးတဲ့ ကာရိုက်တာပုံစံလည်း အများကြီး ရှိတယ်။ မျက်မမြင်၊ဆွံ့အ၊အရူးတို့ဆိုရင် မလုပ်ဖူးဘူး။ အဲဒါတွေ လုပ်ကြည့် ချင်တယ်။ ညီမအနေနဲ့ စစလုပ်ချင်း ဆိုတော့ အဆင်မပြေတာတွေရှိမယ်။ ဒါပေမဲ့ ညီမလုပ်ကြည့်ချင်တယ်။ အခုဆိုရင် အနုပညာသက်တမ်း နှစ်နှစ်ရှိနေပြီ။ လုံးဝအားမရသေးဘူး။ အဲဒီနှစ်နှစ်မှာတစ်နှစ်လောက်က မော်ဒယ်လုပ်တာဆိုတော့ အတွေ့ အကြုံပညာတွေတအားနည်းတယ်။ အခုအချိန်မှာအကုန်လုံးကိုသင် ယူနေပါတယ်''လို့ပြောပါတယ်။ စံရတီမိုးမြင့်က ကြော်ငြာမှာလည်း ပရိသတ်တွေ ပေးတဲ့နေရာတစ်နေရာ ရရှိ ထားတဲ့အတွက် ကြော်ငြာနဲ့ ဗီဒီယိုရိုက်ရတာ ဘယ်လိုကွာ ခြားမှုတွေရှိသွားမလဲဆိုတာကို မေးကြည့် တော့..''တအားကို ကွာသွားတယ်။ အမှန်အတိုင်းပြောရရင် ကြော်ငြာက လည်း သူ့ဟာနဲ့သူခက်တယ်။ ဒီရုပ်ရှင်ဗီဒီယိုရိုက်ရတာက တစ်ကတ်လုံးကို ခံစားရတာ။ ကြော်ငြာ ကျတော့လှနေပြီးချစ်စရာကောင်းရင် ပရိသတ်တွေ ကြိုက်ကြတယ်။ ဇာတ်ကားမှာကျတော့လှတာ၊ မလှတာထက် သူ့ကာရိုက် တာအရ လုပ်ရတာ။ ဗီဒီယိုရိုက်ရတာပိုပြီးခက်တယ်'' လို့ပြောပါတယ်။

တွယ်တာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1