Friday, August 24, 2012

ဂုဏ်သိက္ခဆယ် သတ်ဖြတ်မှုဟူသော ဝေါဟာရကို ပိတ်ပင်ရန် အိန္ဒိယအစိုးရ၏ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့ တောင်းဆို

Ever November | 8/24/2012 02:21:00 PM | Best Blogger Tips

မိသားစု အရှက်တကွဲ အကျိုးနည်းဖြစ်စေရန် လုပ်ဆောင်မိသူများ သတ်ဖြတ်ခံရမှုကို ရည်ညွှန်းရာ၌ “ဂုဏ်သိက္ခာဆယ်သတ်ဖြတ်မှု” ဟူသော ဝေါဟာရအား ဆက်လက်သုံးစွဲမှုမပြုရန် အိန္ဒိယအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။ “ဂုဏ်သိက္ခာဆယ် သတ်ဖြတ်မှု” ဟူ၍ အမည်ခံထားသော လူသတ်မှုများသည် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် ရာစုပေါင်း များစွာကပင် ဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုင် အချို့ဒေသများတွင် ဖြစ်ပွားဆဲဖြစ်သည်။ အမျိုးဇာတ်ချင်း မတူသော်လည်း တစ်ဦးနှင့် တစ်ဦး ချစ်ခင်စုံမက်မိသူ လူငယ်စုံတွဲများ၊ ဆွေမျိုးသားချင်းများ၏ ဆန္ဒကို ဆန့်ကျင်သူ လူငယ်များသည် မိသားစု ဂုဏ်သိက္ခာအား ကာကွယ်သည့်အနေဖြင့် သတ်ဖြတ်ခံခဲ့ကြရသည်။ ယင်းကဲ့သို့သော လူသတ်မှုများသည် အရိုင်းအစိုင်းဆန်၍ အရှက်ရဖွယ် အပြုအမူမျိုးသားဖြစ်ပြီး ဂုဏ်ယူဖွယ် အကြောင်းလုံးဝမရှိကြောင်း အိန္ဒိယနိုင်ငံ အမျိုးသမီးများ အခွင့်အရေးဆိုင်ရာ ကော်မရှင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လွတ်လပ်သော လေ့လာချက်တစ်ရပ်အရ အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ ဟာယာနာ၊ ပန်ဂျပ်နှင့် ဥတာပရာဒေ့ရှ် ပြည်နယ်များ၌ “ဂုဏ်သိက္ခာဆယ် သတ်ဖြတ်မှု”ဟူ၍ အမည်ခံထားသော လူသတ်မှု ၉၀၀ မျှ နှစ်စဉ် ဖြစ်ပွား တတ်ကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1