ယခု ဒီတစ်ပတ် 8 DAYS Cover Star ကို A 21 ဆပ်ပြာရဲ့ Pink angel Ambassador အိချစ် ကို သူငယ်ချင်းတွေနဲ့ ပတ်သက်တဲ့ မေးခွန်း အနည်း ငယ်ကို မေးဖြစ်ခဲ့ ပါတယ်။
အိချစ်ရဲ့ အနုပညာလှုပ် ရှားမှုက
အိချစ် မနှစ်တုန်းကA21 pink angel လုပ်ဖြစ်ခဲ့ပါတယ်။ နောက်ပြီး
မဂ္ဂဇင်းတွေမှာ Photo model လုပ်ခဲ့ပါတယ်။ အခု ကျောင်းတက်နေတော့ အနုပညာ
အလုပ်ကို သိပ်မလုပ်ဖြစ်ဘူး။
အိချစ် အခုတက်နေတဲ့ ကျောင်းက
ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ MBA တက်နေပါ တယ်။ အခု ဒုတိယနှစ်ရောက်နေ ပါပြီ။
အိချစ် ငယ်ငယ်လေးက ချင်းဆီက ရခဲ့တဲ့ မှတ်မှတ်ရရ ပစ္စည်းလေးက။
အိချစ်အတွက် အခုချိန်ထိ မှတ်မှတ်ရရဖြစ်နေတဲ့ပစ္စည်းလေးက
သူငယ်ချင်းတစ်ယောက်က ဘာလီ ပြန်ပေးတဲ့လက်ဆောင်လေးပါ။ အဲဒီလက်ဆောင်လေးက ဘာမှ
တော့မဟုတ်ပါဘူး။ ဝါးပေါ်မှာ အိချစ်အမည်ကလေး ရေးထားတဲ့ သော့ချိတ်လေးပါ။ အဲဒါ
အိချစ် အတွက်အမှတ်တရဖြစ်ပါတယ်။
အိချစ် သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီး အမှတ်တရအဖြစ် အပျက်လေးတစ်ခုက
ငယ်ငယ်က မူလတန်း ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ဆော့နေတုန်း သူငယ်ချင်းတစ်
ယောက်က တွန်းလိုက်လို့ ပန်းအိုး ကို တက်ထိုင်မိလို့ ကွဲသွားတာ။
တော်တော်လေးလည်းရယ်ရ တယ်။ ပြီးတော့လည်း ပန်းအိုးဖိုး ပြန်လျော်ပေးရတယ်။
ပန်းအိုး သုံးလုံးဖိုးလောက်ပြန်လျော်ပေးရ တယ်။ ဒါပေမဲ့ ပန်းအိုးတစ်လုံးပဲ
ကွဲခဲ့တာပါ။ (ရယ်လျက်)
အိချစ်ကကော သူငယ် ချင်းတွေအပေါ်မှာ ဘယ်လိုသူငယ် ချင်းမျိုးလို့ ကိုယ့်ကိုယ်ကိုယ် ထင်သလဲ။
အိချစ်က သူငယ်ချင်းတွေ ကို ကောင်းစေချင်လို့ အမုန်းခံပြီး
ပြောခဲ့မိတာတွေလည်းရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် သူငယ်ချင်း
ကောင်းလို့မပြောချင်ပါဘူး။ သူငယ် ချင်းတွေအပေါ် အကောင်းဆုံးသူ
ငယ်ချင်းဖြစ်အောင်အမြဲကြိုးစားနေ ပါတယ်။
အိချစ်ကော သူငယ်ချင်း ရကံကောင်းတယ်လို့ထင်သလား။
အိချစ်ငယ်ငယ်လေးက တည်းက သူငယ်ချင်းရ ကံမကောင်းခဲ့ပါဘူး။ အခုနောက်ပိုင်း တော့သူငယ်ချင်းရတာ ကံကောင်း တယ်လို့ထင်ပါတယ်။
ဩဂုတ် ၅ ရက်နေ့က င်္Friendship Day ဖြစ်တော့ အိချစ်ကော အဲဒီနေ့မှာ ဘာလုပ် မယ်လို့ကော စိတ်ကူးထားသလဲ။
ဩဂုတ် ၅ ရက်နေ့ဆို တော့ အိချစ်မွေးနေ့နဲ့ သိပ်မကွာ တော့ဘူးလေ။
အိချစ်မွေးနေ့ကျမှ ပဲ သူငယ်ချင်းတွေနဲ့တွေ့ပြီး မုန့် စားကြမယ်ပေါ့။
အဲဒီလိုတော့ စိတ် ကူးထားပါတယ်။
အိချစ်က သူငယ်ချင်းတွေ နဲ့ပတ်သက်ပြီး အစွဲအလမ်းထား တတ်သူတစ်ယောက်လား။
အိချစ်က သူငယ်ချင်းအစွဲ အလမ်းထားတတ်ပါတယ်။ ကိုယ့် အပေါ်မှာ
သူငယ်ချင်းတွေက တစ်ခါကောင်းခဲ့ပြီးရင် အမြဲလိုလို အမှတ်ရနေပြီးတော့
မကောင်းရင်တော့ စိတ်ထဲကနေ ထုတ်ပစ်လိုက် ပါတယ်။ နောက်တစ်ခါမလုပ်ရင်
ပြီးတာပါပဲ။ သူငယ်ချင်းက သူငယ် ချင်းပဲပေါ့ဆိုပြီး ပြန်ပေါင်းတတ်ပါ တယ်။
အခု အိချစ်တက်နေတဲ့ MBA မှာကော သူငယ်ချင်း ကောင်းတွေရှိလား။
ဒီလိုပဲရှိပါတယ်။ များ သောအားဖြင့် စီနီယာ အစ်မတွေနဲ့ ပေါင်းပါတယ်။
အတန်းထဲက သူငယ်ချင်းအချို့နဲ့လည်း ပေါင်းပြီး စာအတူတူလုပ်ဖြစ်ပါတယ်။
အိချစ်ခံယူထားတဲ့ သူငယ် ချင်းဆိုရဲ့အဓိပ္ပါယ်။
သူငယ်ချင်းဆိုတာ ကိုယ် ကလည်း ယုံကြည်ရသူ၊ ပြီးတော့
လျှို့ဝှက်ချက်တွေကိုလည်း ထိန်း သိမ်းပေးတဲ့သူ၊ ပျော်တဲ့အချိန်မှာ
လိုက်ပြီးပျော်ရွှင်ပေးပြီးကိုယ်စိတ် ညစ်တဲ့အချိန်မှာ
ကိုယ့်ခံစားချက်တွေကိုShare လုပ်ပြီး နားလည် ပေးမယ့်သူလို့ခံယူထားပါတယ်။
အိချစ်သူငယ်ချင်းတွေကို 8 DAYS Journal ကနေတစ်ဆင့် ပြောချင်တဲ့စကားတစ်ခွန်းက။
အိချစ်နဲ့ဝေးကွာနေတဲ့ သူငယ်ချင်းတွေ၊ အခုမအားလို့ မတွေ့ဖြစ်တဲ့
သူငယ်ချင်းတွေကို ပြောချင်တာက အိချစ် ငယ်ငယ် က မသိလို့ အနိုင်ယူမိတာရှိလည်း
အိချစ်ကို ခွင့်လွှတ်ပါလို့ ပြောချင် ပါတယ်။
အိချစ် Cover Star ဖြစ်ခွင့်ရတဲ့အတွက် အိချစ်ရဲ့ ခံစား ချက်လေးက
အိချစ် Friendship Day အတွက် Cover ဖြစ်ခွင့်ရတဲ့ အတွက်အရမ်းလည်း
ပျော်ပါတယ်။ တခြားနေ့တွေနဲ့လည်း ဒီ Friend ship Day အတွက် Cover ရိုက်ခဲ့
ရတဲ့အတွက် ဝမ်းသာမိပါတယ်။
Minnie
8 Days Journal
No comments:
Post a Comment