Monday, August 6, 2012

ဒေါ်အောင်ဆန်းစုကြည်၏အထ္တုပတ္တိအသစ်TheLadyAnd ThePeacockစာအုပ်ထွက်ရှိ

Ever November | 8/06/2012 09:10:00 PM | Best Blogger Tips

စာအုပ်ကို ပြုစုသူ Peter Popham က အပိုင်းငါးပိုင်းခွဲ၍ ရေးသားပြုစုထားသည်။ ပထမပိုင်းဝယ် ဒေါ်အောင်ဆန်းစုကြည်၏ ငယ်စဉ်ဘ၀နှင့်ပတ်သက်၍ ရေးသားဖေါ်ပြထားပြီး၊ ဒုတိယပိုင်းတွင်မူ မိခင်ကြီးမကျန်းမာခြင်းကြောင့် မြန်မာနိုင်ငံသို့ရောက်ရှိလာရခြင်းမှ အစပြုကာ
 နိုင်ငံရေးနယ်ပယ်ထဲသို့စတင်ရောက်ရှိလာခြင်း အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် ကြံ့ကြံ့ခံတွန်းလှန်ခဲ့ခြင်းအစရှိသည်တို့ကိုရေးသားထားပါသည်။

တတိယပိုင်းတွင်မူ ပူဆွေးသောကရောက်ရမှုများ၊ ငါးဦးဂိုဏ်း၊ ရွေးချယ်မှုများစသည့်ဖြင့်ရေးသားထားပြီး စတုတ္ထပိုင်းတွင်မူ ၉၉၀ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီပါတီ အပြတ်အသတ်အနိုင်ရခြင်း၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခြင်း အစရှိသည်တို့ကိုရေးသားဖော်ပြထားသည်။ နောက်ဆုံးအပိုင်းတွင်မူ သူ၏ တွေ့ဆုံဆွေးနွေးမှုများ၊ သူ၏ရည်မှန်းချက်များ၊ ရွှေဝါရောင်တော်လှန်ရေး ခွပ်ဒေါင်း၏အကျိုးသက်ရောက်မှုများ စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 ထိုစာအုပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှားပါးဓာတ်ပုံပေါင်း ၄၃ ပုံပါရှိသည်။ ယခုစာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိသစ်ဟုဆိုကြသည်။ ငြိမ်းချမ်းရေး နိုဘယ်ဆုရင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက "လက်ဖျားခါရအောင်ကောင်းသည်"ဟုမှတ်ချက်ချသည်။ကမ္ဘာကျော် စာအုပ်ထုတ်ဝေရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Rider စာအုပ်တိုက်မှထုတ်ဝေခြင်းဖြစ်သည်။

Popular Myanmar News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1