ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ် ၆ ခုနှင့် ရတနာပုံ ကုမ္ပဏီ လီမီ တက်တို့ ပူးပေါင်း ၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော Y.store Online Shopping Mall ဖွင့် လှစ်သွားမည် ဖြစ်ကြောင်း ရတနာ ပုံကုမ္ပဏီ လီမီတက်စီမံကိန်း များ တည်ဆောက်ရေးဝန်ကြီးဌာန၏ ဌာနမှူး ဦးအောင်စံမြတ်က ၁- ၈-၂၀၁၂ ရက်တွင် ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ပြောကြား သည်။
အဆိုပါ့ Y.Store Online Shopping Mall တွင် ရောင်းချလို သူများအနေဖြင့် 
Company Name (သို့) Shop Name, Address များနှင့်တကွ မိမိတို့၏ 
ကုန်ပစ္စည်းများအားWebsite တွင် ဖော်ပြနိုင်ခြင်း၊ ထို့အပြင် အ 
ပြောင်းအလဲဖြစ်နေသည့် ဈေးနှုန်း များအတွက်User Training ပေး ခြင်း၊Y.Store 
Market place တွင် ရောင်းချနိုင်သော ပစ္စည်းများ 
ကိုအလွယ်တကူရောင်းချနိုင်စေရန် စီစဉ်ပေးထားသည်ဟု ဆိုသည်။
၎င်းY.Store နှင့် ပတ်သက် ၍ စီမံကိန်းများတည်ဆောက်ရေး ဝန်ကြီးဌာန၏ 
ဌာနမှူးဦးအောင်စံ မြတ်က “ကျွန်တော်တို့ ဒီအွန်လိုင်းရှော့ပင်းကို 
ပြည်တွင်းဘဏ် ၆ ခု နဲ့ ပူးပေါင်းပြီး လုပ်ထားပါတယ်၊ ရောင်းချမယ့်သူရော၊ 
ဝယ်ယူသူ တွေပါ အဆင်ပြေအောင်လုပ်ပေး ထားပါတယ်၊ Y.Store မှာ ဝယ်ချင် ရင် 
ဘဏ်အကောင့်ရှိမှရမယ်။ အကောင့်ရှိတဲ့အပြင် ဝယ်ဖို့အ တွက် လုံလောက်တဲ့ 
ပိုက်ဆံပမာ ဏကိုတော့ ထည့်ထားရမယ်”ဟု ပြောသည်။ Y.Store တွင် ပစ္စည်းဝယ်ယူ လို
 သူများသည် မိမိဝယ်ယူလိုက် သည့် မည်သည့်ပစ္စည်းအမျိုးအစား မဆို 
အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုပါရှိကြောင်း သိရသည်။
ဝယ်ယူသည့်ပစ္စည်း အမျိုးအစားပေါ်မူတည်၍ Charge ပေးရမည်ဖြစ်ကြောင်း သိရသည်။
 ထို့အပြင် အွန်လိုင်းမှ ကားရောင်း ဝယ်ရေးလုပ်ငန်းများ၊ အလုပ်အ 
ကိုင်များရှာဖွေခြင်း နှင့် E.Government, E.Shopping, E.Travel. E 
Business, E Commerce, Online Bus Ticket စ သည့် 
လုပ်ငန်းများကိုလည်းပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
ချိတ်ဆက်ထားသော ပြည် တွင်းဘဏ်များမှာ AGD Bank. MOB Bank, CB Bank, UAB,
 Bank, စသည့်ဘဏ် များနှင့် ချိတ်ဆက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်းသိရသည်။ 
အဆိုပါ့ Y.Store Online Shopping Mall ကို ရတနာပုံ တယ်လီပို့ကုမ္ပဏီ၊T.Link 
ကုမ္ပဏီ နှင့် Creative Web Studio စ သည့်ကုမ္ပဏီ ၃ ခု ပူးပေါင်း၍ 
ချိတ်ဆက်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း မကြာမီဖွင့်လှစ် 
သွားမည်ဖြစ်ကြောင်း ဦးအောင်စံ မြတ်က ပြောသည်။
စောရည်နန္ဒာ
Mobile Guide Journal 


No comments:
Post a Comment