Monday, August 6, 2012

အာဆီယံ အိုင်စီတီဆုအတွက် ဖိတ်ခေါ် ထားခြင်း မြန်မာနိုင်ငံပါဝင်

Ever November | 8/06/2012 09:23:00 PM | Best Blogger Tips

အာဆီယံ ဒေသတွင်း နိုင်ငံများ ဝင်ရောက် ယှဉ်ပြိုင် နိုင်မည့် အာဆီယံ အိုင်စီတီဆု အတွက် ဖိတ်ခေါ်ထားကြောင်း www. aseanictaward.com တွင် ထုတ်ပြန်ထားသည်။ အဆိုပါဆုအတွက် ဖိတ်ခေါ်ထားမှုကို နိုင်ငံပိုင်သတင်းစာများတွင်လည်း ကြော်ငြာခဲ့ပြီး အသေးစိတ်အချက် အလက်များကို အဆိုပါwebsite စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင် မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ကဏ္ဍလေးခု ပါဝင်ပြီး ကဏ္ဍအလိုက် Application များ၊Software နှင့် Hardware မဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး စက်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများနှင့် ဘာသာ ရေးဆိုင်ရာ လုပ်ငန်းများနှင့် လူမှုရေးနယ်ပယ်ကို အခြေခံကာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။
ကွန်ပျူတာ ပညာရှင်တစ်ဦးက “ဒီလို အိုင်စီတီဆုတွေ ချီးမြင့် တဲ့ပြိုင်ပွဲတွေ ပြုလုပ်ပေးတာဟာ ဒေသတွင်းမှာ အိုင်စီတီ ကဏ္ဍကို ပံ့ပိုးပေး တဲ့ အနေအထားတစ်ခုပါပဲ။ တကယ်တမ်းပြောရရင် ကျွန်တော် တို့နိုင်ငံ အနေနဲ့ အိုင်စီတီကဏ္ဍမှာ အခြားအာဆီယံနိုင်ငံတွေကို ယှဉ်ပြိုင်နိုင်ဖို့ အားထည့်ပြီး လုပ်ဖို့လိုတယ်လို့ မြင်မိပါတယ်။ ဒီမှာဆိုရင်လည်း အိုင်စီတီကို တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့က ဒီလိုပြိုင်ပွဲတွေက ထွက်လာမယ့် Product တွေကို အသုံးချဖို့လိုပါတယ်”ဟု ပြောပါသည်။
တင်ဇာအောင်
Mobile Guide Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1