Monday, August 6, 2012

မြန်မာကျန်းမာရေးဌာနနှင့်မယ်တော်ဆေးခန်း မကြာမီ ကျန်းမာရေး ၀န်ဆောင်မှု ပူးတွဲလုပ်ဆောင်မည်

Ever November | 8/06/2012 09:37:00 PM | Best Blogger Tips

ယနေ့မွန်လွဲပိုင်းအစိုးရပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဆရာဝန်များမယ်တော်ဆေးခန်းတွင်လာရောက်
ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းချက်များအရမယ်တော်ဆေးခန်းမှလူနာအချို့ကို မြ၀တီရှိဆေးရုံတွင်
လွှဲပြောင်းကုသပေးမည့်အစီအစဉ်ပါရှိပြီးမကြာမီလုပ်ငန်းအကောင်အထည်ဖော်မည်ဟုသိရသည်။
 မြန်မာဆရာဝန်အဖွဲ့မှဆရာဝန်ကြီတစ်ဦးက”ဒီကလူနာတွေကိုမဲဆောက်ဆေးရုံကြီးပို့ရင် ကုန်ကျမဲ့စားရိတ် ထက်မြန်မာဘက်ကဆေးရုံကိုပို့ရင် သုံးပုံတပုံဘဲကုန်ကျမယ်ဖြစ်တယ် ဒီကအခြေအနေတွေကိုကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုပြန်တင်ပြသွားမယ်”ဆွေးနွေးပွဲ
တွင်ပြောသည်။ အစိုးရဘက်ကလည်းလိုအပ်ချက်များကို ထောက်ပံ့ကူညီမှုများပေးသွားမည်ဟု တက်ရောက်လာသည့်ပြည်ထောင်စုဝန်ကြီးများကပြောကြားပြီး။မြန်မာဆရာဝန်အဖွဲ့က မယ်တော်ဆေးခန်း အတွက် ထိုင်းဘတ်ငွေ ၁ သိန်းလှူဒါန်းခဲ့သည်။ ယနေ့ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ဦခင်ရီ၊ဦးစိုးသိန်းနှင့်ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးဇော်မင်းတို့တက်ရောက်ခဲ့ကြပြီး ညနေပိုင်းတွင်မဲဆောက်မှတဆင့် မော်တော်ယာဉ်များဖြင့်မြ၀တီ သို့ပြန်လည်ထွက်ခွာသွားကြသည်။

သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်
Popular Myanmar News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1