Wednesday, August 8, 2012

စုပေါင်းရုံးနှင့် ကုန်သည်လမ်းရှိ မီးရထားရုံးချုပ်အား အဆင့်မြင့်ဟိုတယ်များအဖြစ် အသွင်ပြောင်းမည်

Ever November | 8/08/2012 03:00:00 PM | Best Blogger Tips

ကမ္ဘာလှည့်ခရီးသည်များတည်းခိုမှုအခက်အခဲအဆင်ပြေစေရန်ရန်ကုန်တိုင်းစုပေါင်းရုံးနှင့် မြန်မာ့မီးရထားရုံး
ချုပ်အားအဆင့်မြင့်ခေတ်မီဟိုတယ်များအဖြစ် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်
မရှင်က သိရှိရသည်။

ရန်ကုန်မြို့ကမ်းနားလမ်းရှိ ရှေးဟောင်းအဆောက်အဦးဖြစ်သော ရန်ကုန်တိုင်းစုပေါင်းရုံး နှင့် ကုန်သည်လမ်းရှိ   မြန်မာ့မီးရထားရုံးချုပ်အားခေတ်မီဟိုတယ်များပြုလုပ်ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း သိရှိရသည်။  

ရှေးဟောင်းအဆောက်အဦးဖြစ်တဲ့ ရန်ကုန်တိုင်းစုပေါင်းရုံးရဲ့ မျက်နှာစာ အလှအပတွေကိုတော့ ရှေးမူမပျက်ထားရှိပြီးတော့ အတွင်းခန်းဒီဇိုင်းတွေကိုတော့ စိတ်ကြိုက်ပြင်ဆင်ခွင့် ပေးထားပါတယ်။ BOT စနစ်နဲ့နှစ်(၄ဝ)လုပ်ကိုင်ခွင့်ပေးထားပါတယ် ’’ဟု မြန်မာ့ရင်းနှီး မြှုပ်နှံမှုကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောသည်။  

ရန်ကုန်မြို့တွင်းရှိ ရှေးဟောင်းအဆောက်အဦးများမှာကျောက်တံတားမြို့နယ်ကမ်နားလမ်း ရှိ ရန်ကုန်တိုင်းစုပေါင်းရုံး၊ မဟာ ဗန္ဓုလလမ်းရှိ အမျိုးသားမှတ်ပုံတင်ရေးနှင့် သန်းခေါင် စာရင်းရုံးချုပ်၊ ဆူးလေဘုရားလမ်းရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ ဗဟိုတရားရုံးချုပ်၊ ဗိုလ်တစ်ထောင်မြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ဝန်ကြီးများရုံး၊ ဒဂုံမြို့နယ်ပြည် လမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတို့ပါဝင်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ   ပြန်ကြားရေးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ရန်ကုန်မြို့၌ ရှေးဟောင်းအဆောက်အဦးပေါင်း (၁၈၉)လုံးရှိပြီး ဝန်ကြီးဌာနအသီးသီးမှ လွှဲပြောင်းအပ်နှံထားသော အဆောက်အဦးများအား နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းရှင်များသို့ BOT စနစ်ဖြင့်နှစ်(၄ဝ)လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
    
လက်ရှိတွင် ရှေးဟောင်းအဆောက်အဦးများထဲမှ မဟာဗန္ဓုလပန်းခြံလမ်းရှိ ဗဟိုတရားရုံး နှင့် ဗိုလ်အောင်ကျော်လမ်းရှိဝန်ကြီးများရုံး တို့အား ရှေးမူလက်ရာမပျက်စေပဲ ရှေးဟောင်းပြတိုက် အသွင်ဆောင်နိုင်ရန်အတွက် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းရှင်များအား  BOT  စနစ်ဖြင့် တင်ဒါ ခေါ်ယူထားကြောင်းကိုလည်း သိရှိရသည်။
ယမင်း(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1