Wednesday, August 8, 2012

ကားနှင့်ပတ်သက်သော ဘာသာရပ်ဆိုင်ရာတက္ကသိုလ် ဂျပန်နှင့်ပူးပေါင်းဖွင့်လှစ်မည်

Ever November | 8/08/2012 03:41:00 PM | Best Blogger Tips

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဂျပန်ကားကုမ္ပလီမိတက်( Japancarco.ltd) နှင့်ပူးပေါင်း၍ရန်ကုန်မြို့တွင် ကားနှင့်ပတ်သတ်သည့်ဘာသာရပ်ဆိုင်ရာတက္ကသိုလ်တစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဲဒီ့လူတွေကတတ်ပြီဆိုရင် ဂျပန်ကားကုမ္ပဏီတွေက လာရွေးလို့ရှိရင်နိုင်ငံခြားထွက်တဲ့ အခါမှာ ဂျပန်  work shopရှိတဲ့နေရာအားလုံးလုပ်လို့ရတယ်၊အဲဒီ့ဘွဲ့ကအစိုးရအသိအမှတ်ပြုတဲ့ဘွဲ့ပဲ၊ နေရာကတော့သိပံ္ပ နဲ့နည်းပညာ ဝန်ကီးဌာနရဲ့ အောက်မှာပဲ ဘယ်အပိုင်းက ပါရမလဲဆိုတာမသိသေးဘူး၊ ဒါပေမယ့် ကျွန်တော်တို့သည် ကားအကြောင်း ကိုပဲလုံးဝသီးသန့်သင်မယ့် သင်တန်းပါ’’ ဟုဂျပန်ကားကုမ္ပဏီလီမိတက်မှဒါရိုက်တာဦးတင်အောင်မြင့်က ပြောသည်။

အဆိုပါ တကသိုလ်တက်ရောက်ချိန်သည် ၄ နှစ်ကြာမြှင့်မည်ဖြစ်ပြီးကားဒီဇိုင်းရေး ဆွဲနည်း၊ ကားတည်ဆောက်နည်းများအပြင်ကားနှင့်ပတ်သက်သည့်ဥပဒေများကိုပါသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတကသိုလ်မှ ဘွဲ့ရရှိပါက နိုင်ငံတကာတွင်ရှိသော ဂျပန်ကား work shopရှိသည့်နေရာ မှန်သမျှတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ေးကြောင်းသိရသည်

‘’ လေးနှစ်သင်ပြီးမှ ဘွဲ့ရတာ၊ ဘွဲ့ရပြီးရင် မာစတာကို ဂျပန်မှာတက်တယ်၊ဒေါက်တာအထိရှိတယ်၊ အဲဒီ့အထိသွားတာ’’ ဟု ဦးတင်အောင်မြင့်ကပြောသည်။

လက်ရှိအချိန်တွင်သိပ္ပံနှင့်နည်းပညာဝန်ကီးဌာနနှင့်အသေးစိတ်အချက်အလက်များကိုဆွေးနွေးတိုင်ပင်နေဆဲဖြစ်ကြောင်း တက္ကသိုလ်ဖွင့်မည်ကိုသဘောတူပြီးသွားပြီဖြစ်ကြောင်း သိရှိရသည်။

အသေးစိတ်အချက်အလက်များဆွေးနွေးပြီးပါကစတင်အကောင်အထည်ဖော်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဂျပန်ကားကုမ္ပဏီလီမိတက်မှ ဥက္ကဌဖြစ်သူ မစ္စ္စတာကာဇူဟီဇာ အီဝါမိုတို ကပြောသည်။

ဒီလိုတကသိုလ်မျိုးတွေအစောကြီးကတည်းက ပေါ်လာခဲ့သင့်တာ၊ကျွန်တော်ကကားဒီဇိုင်းဆွဲရတာတွေနဲ့ ပတ်သတ်ပြီး အရမ်းစိတ်ဝင်စားတာ၊ ဒါပေမယ့် နောက်လာမယ့်သူတွေအတွက်တော့ ကောင်းတာပေါ့၊ တစ်ခြားဒီလိုမျိုးကျောင်းတွေပိုပြီး  ပေါ်လာရင်လူငယ်တွေလဲသူတို့ဝါသနာပါတဲ့ကျောင်းကိုတက်ခွင့်ရကြမှာပါ၊ အခုကဝါသနာကတစ်ခြားသင်နေရတာကတစ်ခြားတွေဖြစ်နေကြတယ်ဟုရေကြောင်းတက္ကသိုလ်တွင်ပညာ
သင်ကြားနေသော  ကျောင်းသားတစ်ဦးကပြောသည်
ကျော်ဇင်မန်း(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1