Friday, August 24, 2012

ကားတိုက်သူမှတာဝန်မယူ၍ သေဆုံးသူမြန်မာလုပ်သား အလောင်းမြေချရန်ဆိုင်းငံ့

Ever November | 8/24/2012 02:35:00 PM | Best Blogger Tips

မဲဆောက်မြို့တွင်ယာဉ်တိုက်မှုကြောင့်သေဆုံးခဲ့ရ သည့် နောင်ဘွား အထည်ချုပ်စက်ရုံမှ မအေးအေးမော်(၃၃)စ်ကို ယာဉ်မောင်းသူ ထိုင်းနိုင်ငံသား(မျှော့လူမျိုး)က တစုံတရာ တာဝန် ယူမှုမရှိ သည့်အတွက် နာရေးကိစ္စမြေချ မှုကိုဆိုင်းငံ့ထားပြီး မဲဆောက်ရဲ စခန်းတွင်ဥပဒေကြောင်း အရ အမှုဖွင့် တရားစွဲဆိုထားသည်။

မြေချရန်ဆိုင်းငံခြင်းနှင့် ဥပဒေကြောင်းအရအမှုဖွင့်တရားစွဲဆိုရန် သေဆုံးသူ၏ အလုပ်ရှင်နှင့်နာ ရေးကူညီ မှုအသင်း(မဲဆောက်)အဖွဲ့ ကတောင်း ဆိုထားခြင်းဖြစ်သည်။မအေးအေးမော်သည် ပြီးခဲ့ သည့်တ နင်္ဂနွေနေ့ ညနေ ၅ နာရီခန့်တွင် အဌားဆိုင်ကယ်နှင့်မြို့ထဲအသွား တွင်ဂေါ်ဖီထုပ်တင်လာသည့်ကားမှ ၀င်တိုက်ခဲ့ခြင်း ဖြစ်ပြီး ဆိုက်ကယ်မောင်းသူလွှတ်မြောက်ကာ မအေးအေးမော် မှာနေရာတွင် ပင်ပွဲခြင်းပြီးသေ ဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နာရေးကူညီမှုအသင်း(မဲဆောက်)မှကိုအရှည်ကြီးက” ကားသမားကတိုင်ချင်ရာတိုင်လို့ပြောတယ် တိုက်တဲ့ကားကိုရဲစခန်းမှာဖမ်းထားတယ် ဒါကြောင့်ဒီအမှုကိစ္စပြီးမှမြေချဖို့ အလုပ်ရှင်နဲ့ကျွန်တော် တို့ဆုံးဖြတ်ထားတယ်”ဟု ပြောသည်။

သေဆုံးသူမအေးအေးမော်သည် ရန်ကုန်တိုင်းဒေသကြီးသံလျှင်မြို့နယ်အောင်ချမ်းသာရပ်ကွက်နေ ဦးသောင်းရွှေဒေါ်ကြင်ဥတို့၏သမီးဖြစ်ပြီး မဲဆောက်တွင်တရားဝင်အလုပ်သမားလက်မှတ်နှင့်ယာယီနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားပြီး မဲဆောက်မြို့ပြင်ရှိနောင်ဘွားရပ်ကွက်အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

ယနေ့မွန်းလွဲပိုင်းတွင်မဲဆောက်ရဲစခန်း၏အဆိုအရ သေဆုံးသူအတွက်နစ်နာကြေးအဖြစ် ယာဉ်မောင်းသူက ထိုင်းဘတ်ငွေ ၁၅၀၀၀ ပေးမည်ဟုကမ်းလှမ်းချက်ကို အလုပ်ရှင်နှင့်နာရေးကူညီမှုအသင်းကလက်မခံဘဲြ ငင်းပယ်လိုက် ကာ ဥပဒေကြောင်းအရသာရင်ဆိုင်သွားမည်ဟု သေဆုံးသူ၏ထိုင်းအလု ပ်ရှင်ကပြောသည်။

အလုပ်ရှင်က”ဒီလိုဘဲအလွယ်တကူလက်ခံလိုင်ရင် နောက်ကိုဘတ်ငွေ ၁၅၀၀၀ ပေးရင်လူတွေကိုကားနဲ့ တိုက်သတ်လို့ရတယ်ဆိုတဲ့ အစဉ်အလာဖြစ်သွားမှာပေါ့ ကျွန်တော်တို့ဖြစ်စေချင်တာကနားလည်မှုနဲ့လူမှုရေး စိတ်ဓါတ်ပါ အခုဖြစ်ပုံကလာလည်းမကြည့်ဘူး လူမိုက်စကားလည်းပြောသေးတယ်”ဟုဆိုသည်။

သေဆုံးသူ၏ရုပ်ကလပ်ကို နောင်ဘွားထိုင်းဘုန်းတော်ကြီးကျောင်း၏ အသုဘရှုဇရပ်ရှိ အအေးခန်းထဲတွင် ထားရှိပြီး မအေးအေးမော်အတွက် ထိုင်းလူမှုဖူလုံရေးဌာနကပေးအပ်မည့်ခံစားခွင့်ကိုလက်ခံရယူရန် မိသား စုဝင်တစ်ဦး ထိုင်းနိုင်ငံမဲဆောက်သို့ အထောက်အထားစာရွက်စာတမ်းများဖြင့်လာရောက်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံဥပဒေအရ တရားဝင်အလုပ်သမားတဦးသေဆုံးပါက ထိုင်းလူမှုဖူလုံရေးဌာနမှ နစ်နာကြေးနှင့်ခံ စားခွင့် ထိုင်းဘတ်ငွေ ၁၈၅,၀၀၀ ရရှိမည်ဖြစ်ပြီး ငွေလက်ခံမည့်သူသည်မိသားစုဝင်ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ထိုင်းလူမှုဖူလုံရေးဌာနမှပေးအပ်သည့်နစ်နာကြေးများကို ယခင်ကမဲဆောက်ဒေသတွင် အလားတူသေဆုံးခဲ့ကြသည့် မြန်မာအလုပ်သမား(၁၀)ဦးခန့်၏ မိသားစုဝင်များရရှိခဲ့ကြသည်ဟု နာရေးကူညီမှုအသင်း(မဲဆောက်)မှကိုအရှည်ကြီးကပေါ်ပြူလာနယူးစ်ဂျာနယ်သို့ပြောသည်။
Popular Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1