Wednesday, August 22, 2012

မက္ကဆီကို ကွင်းလယ်ကစားသမား ဇောရိုးအား ပေါင် (၁၀)သန်းဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေသည့် မန်ယူ

Ever November | 8/22/2012 09:37:00 AM | Best Blogger Tips
မန်ယူအသင်းမှ ပေါင် (၁၀)သန်းဖြင့် ခေါ်ယူမည့်

မန်ယူ အသင်းသည် မက္ကဆီကို ကြယ်ပွင့် ကစားသမား ဟာရီရာအား ပေါင် (၁၀)သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။
အသက် (၂၂)နှစ် အရွယ်ရှိ ကွင်းလယ် ကစားသမား မက္ကဆီကို အသင်း၏ အိုလံပစ် ရွှေတံဆိပ် ရယူရာတွင် အထူးခြေစွမ်းပြခဲ့သူ ဖြစ်ပြီး ၎င်းအား လီဗာပူးလ် အသင်းကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
ပါချူကာ အသင်း၏ အားကစား ဒါရိုက်တာ ဖြစ်သူ ဖက်စီမှ မန်ယူ အသင်းသည် ဟာရီရာအား ခေါ်ယူရန် အတွက် ချဉ်းကပ်မှု ပြုလုပ်ခဲ့ကြောင်းနှင့် ဇောရိုး၏ နာမည်ပြောင် ပေးထားသော ဟာရီရာနှင့် ဆွေးနွေးခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။
နောက်ဆက်တွဲ သတင်များ အရ မန်ယူ အသင်းသည် ချီလီ တိုက်စစ်မှူး ဟင်နရီကွက်ဇ် အတွက် အလုပ်လုပ်ခွင့် ပါမစ် ရရှိခဲ့ပြီ ဖြစ်ပြီး အေစီမီလန် အသင်း၏ နောက်ခံလူ မက်ဆက်စ်အား အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။  
soccer weekly

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1