Tuesday, August 7, 2012

ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ ဒီဇင်ဘာလတွင် ကျင်းပမည်

Ever November | 8/07/2012 09:12:00 PM | Best Blogger Tips

ဂျပန်သံရုံးမှ ကြီးမှူး ကျင်းပမည့် ဂျပန်ဘာသာ စကား အရည်အချင်းစစ် စာမေးပွဲအား ရန်ကုန်နှင့်မန္တလေးတို့တွင် ဒီဇင်ဘာလ ၂ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးမှ သိရသည်။
အဆိုပါဂျပန်ဘာသာစကား အရည်အချင်း စစ် စာမေးပွဲကို မည်သည့်တိုင်းရင်းသားမဆို ဝင်ရောက်ဖြေဆိုနိုင်ပြီူးနလနူြ၁ အတွက် FEC ၁၂ ဒေါ်လာ ၊Level N2 နှင့်N3 များအတွက်FEC ၁၀ ဒေါ်လာနှင့် Level N4 နှင့်N5 များအတွက်FEC ၈ ဒေါ်လာ ပေးသွင်းရမည်ဖြစ်ပြီး ဖြေဆိုခွင့်ဖောင် အတွက်FEC ၁၀ ဒေါ်လာပေးသွင်းရမည်ဖြစ်ကြောင်းလည်း သိရသည်။
ဖြေဆိုခွင့်ဖောင် များကို ရန်ကုန်ရှိ မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများအသင်းတွင် ထုတ်ယူနိုင်ပြီး မန္တလေးမြို့HTTO Center တွင်ထုတ်ယူနိုင်ကြောင်း သိရသည်။ ဖြေဆိုခွင့်ဖောင်များ ကို ရန်ကုန်တွင် ဩဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားလျှောက်ထားနိုင်ပြီး မန္တလေး တို့တွင် ဩဂုတ်လ ၂၆ ရက်နေ့နောက်ဆုံးထား၍လျှောက်ထားနိုင်ကာ အသေးစိတ်သိရှိ လိုပါက ဖုန်း ဝ၉-၈၆၁၂၁၅၁ နှင့် ဝ၉-၈၆၁၃၈၄၈ ဆက်သွယ်နိုင်ကြောင်းသိရသည်။  
ဘုန်းမြတ်
Venus News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1