Friday, August 31, 2012

ဖယ်ခုံမြို့နယ် ခြံမြေဧက ၁၀၀ ကျော် တက်လမ်းကုမ္ပဏီမှ သိမ်းရန်ပြင်ဆင်နေ

Ever November | 8/31/2012 10:59:00 AM | Best Blogger Tips

                                              သိမ်းယူရန် ပြင်ဆင်ထားသည့် လယ်မြေများကို တွေ့ရစဉ်၊ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာနှင့် ခေါင်းမိုင်း ကျေးရွာအနီးမှ ခြံမြေ ဧက ၁၂၀ ကို တက်လမ်းကုမ္ပဏီမှ သိမ်းယူရန် ပြင်ဆင်လျှက်ရှိရာ ယင်းခြံမြေပိုင်သူ တောင်သူများက ရှမ်းပြည်နယ် အစိုးရသို့ တိုင်ကြားထားကြောင်း လိုက်လံဆောင်ရွက်ပေးနေသူ တဦးက ပြောသည်။
မြေသိမ်းခံရမည့် အရေးနှင့် ပတ်သက်၍ ဒေသခံများက ကယန်း တိုင်းရင်းသားဝန်ကြီး ဦးလောရင်းနှင့် ဖယ်ခုံမြို့နယ် အမတ် ဦးအာဗြာဟန်တို့ကို ဒေသခံများက တိုင်ကြားခဲ့ရာ သြဂုတ်လ ၂၁ ရက်နေ့က တက်လမ်းကုမ္ပဏီ၊သစ်တောဦးစီးဋ္ဌာနတာဝန်ရှိသူနှင့် တောင်သူများကို ခေါ်ယူကာ ဆွေးနွေးညှိနှိုင်းခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ တက်လမ်းကုမ္ပဏီမှ လာရောက်ခြင်းမရှိပဲ ဖယ်ခုံမြို့နယ် မြေစာရင်းဦးစီးဋ္ဌာနမှ ဦးတင်ကိုလတ်က ကုမ္ပဏီကိုယ်စားတက်ရောက်ခဲ့သည်။ သို့သော်လည်း ယင်းဆွေးနွေးပွဲမှာ တစုံတရာ သဘောတူညီချက် ထွက်ပေါ်ခဲ့ခြင်း မရှိပဲ တက်လမ်းကုမ္ပဏီမှ ယင်းမြေများကို ပိုင်ဆိုင်သွားပြီဟု ဦးတင်ကိုလတ်က ပြောဆိုခဲ့သည်ဟု ဒေသခံများက ပြောသည်။
 ခေါင်းမိုင်းနှင့် အနီးအနားရှိ ကျေးရွာအချို့မှ ဒေသခံများအဖို့ ယင်းမြေများကိုသာ အားထားလုပ်ကိုင် စားသောက်နေရကြောင်းလည်း ဆောင်ရွက်ပေးနေသူ ယယန်းမျိုးဆက်သစ် လူငယ်များ အစည်းအရုံးမှ အတွင်းရေးမှူး အဖွဲ့ဝင် ကိုဂျတ်စတင်းက ပြောသည်။

၎င်းက  “ဒီခြံမြေတွေက ခေါင်းမိုင်နဲ့ အနားကရွာက တောင်သူတွေရဲ့ တခုတည်းသော သက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်နေလို့၊ မြေတွေကို သိမ်းသွားရင် တခြားလုပ်ကိုင်စားသောက်စရာ ဘာမှ မရှိတော့ဘူး” ဟုပြောသည်။

ဇူလိုင်လကတည်းက သိမ်းဆည်းရန် ပြင်ဆင်လျှက်ရှိသည့် ယင်းမြေများတွင် ပြောင်းဖူးနှင့် မြေဆီပြည့်ဝရန် ချန်လှပ်မြေအချို့ ပါဝင်၍ တက်လမ်းကုမ္ပဏီမှ ယင်းမြေများတွင်  သစ်မာနှင့် သစ်မွှေးများကို စိုက်ပျိုးရန်  ပြင်ဆင်လျှက်ရှိသည်ဟုလည်း ကိုဂျတ်စတင်းက ပြောသည်။


ယခုနောက်ဆုံး သိရှိရသည့် အချက်အလက်များအရ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အဆုံးအဖြတ်ကိုစောင့်ဆိုင်းနေသည့် အနေအထားဖြစ်သည်ဟု ကိုဂျတ်စတင်း၏ ပြောဆိုချက်အရ သိရှိရသည်။

ဆယ်စုနှစ်နှင့်ချီ၍ သိမ်းဆည်းခံခဲ့ရသည့် လယ်မြေ၊ ယာမြေများ နှင့်ပတ်သက်၍ သိမ်းဆည်းခံရသူများဘက်မှ ဆန္ဒထုတ်ဖေါ်ခြင်း၊ သမ္မတကြီး ထံအသနားခံစာတင်ခြင်း၊ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခြင်းတို့ ပြုလုပ်လျှက်ရှိသည်။

မြေသိမ်းခံရသည့် အဖြစ်အပျက်များတွင် စစ်တပ်မှ သိမ်းယူခြင်း၊ အစိုးရ စီမံကိန်းများ အတွက်သိမ်းယူခြင်း၊ ကုမ္ပဏီများအတွက် သိမ်းယူခြင်းတို့ပါဝင်၍ အနည်းဆုံး မြေဧက ရာဂဏန်းမှ အများဆုံး သိန်းဂဏန်းအထိ ရှိသည်ကိုတွေ့ရသည်။
YPI facebook


No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1