ဒုတိယကမ္ဘာစစ်
 အတွင်းက ဂျပန်များမြှပ်နှံခဲ့သည့် ရတနာသိုက်ကို မြေပုံအရ ပြီးခဲ့သည့် 
ဇူလိုင်လကတည်းက စတင်ကာ ဒေသခံလုပ်ငန်းရှင်များက စုပေါင်းတူးဖော်နေခဲ့ခြင်း 
ဖြစ်သော်လည်း လက်ရှိအချိန်အထိ မတွေ့ ရှိသေးပေ။
 '' တူးတာတော့ပြီးခဲ့တဲ့(၇)လပိုင်းထဲက တူးနေတာ အခုထိတူးနေတာ တွေ့တော့ မတွေ့သေးဘူး မြေပုံလည်း ရှိတယ်ဆိုပြီး အခုထိ ဘာမှ မထူးခြားသေးဘူး''  ဟု  ဟုရတနာသိုက်တူးဖော်ရာနေရာသို့ သွားရောက် ကြည့်ရှုခဲ့သူ ဒေသခံတစ်ဦးက   ပြောသည်။  
 အဆိုပါရတနာသိုက်အား
 နောင်ချိုမြို့မှ လုပ်ငန်းရှင် (၅)ဦးက ဦးဆောင်ကာ 
အလုပ်သမား(၈)ဦးဝန်းကျင် ငှားရမ်း တူးဖော်နေခြင်းဖြစ်ကြောင်းကိုလည်း 
ဒေသခံတို့က ဆိုသည်။ အဆိုပါနေရာသို့ မြို့ခံရဲတပ်သား များကလည်း   
စောင့်ရှောက်ပေးနေသည်  ဟူ၍လည်း သိရသည်။
 “တူးတော့ တူးနေတာပဲ သိပ်တော့မဖြစ်နိုင်ပါဘူး'' ဟု နောင်ချိုမြို့ခံ တစ်ဦးက ၄င်း၏ အမြင်ကို ပြောသည်။အဆိုပါ ရတနာသိုက်ကိစ္စနှင့်ပတ်သက်၍ မြို့ခံအများစုမှာ ယုံကြည်မှုမရှိကြပေ။
ငြိမ်းချမ်း-ရှမ်း/မြောက်(မြစ်မခ) 
 

No comments:
Post a Comment