Friday, August 31, 2012

ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရန် Mr. Arifin Muh Hadi ဦးဆောင်သောအဖွဲ့ ရခိုင်သို့ရောက်ရှိ

Ever November | 8/31/2012 09:23:00 AM | Best Blogger Tips

အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာန အကြီးအကဲ Mr. Arifin Muh Hadi ဦးဆောင်သော အဖွဲ့သည် ဒုက္ခသည်များအတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းရန် Air Madalay လေယာဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေလေဆိပ်သို့ ယနေ့မနက် ၉ နာရီတွင် ရောက်ရှိလာကြောင်း သတင်းရရှိသည်။
ပြည်ပမီဒီယာအချို့၏ မမှန်မကန်သတင်းထုတ် လွှင့်ခဲ့မှုကြောင့် အင်ဒိုနီးရှား ပြည်သူများ စိုးရိမ်ခဲ့ရသော် လက်ရှိတွင် မြန်မာအစိုးရ၏ သမာသမတ်ကျသော ဆောင်ရွက်ချက်များကိုသိရှိ၍ ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင်ရှိပါကြောင်းကို စစ်တွေလေဆိပ်တွင် ကြိုဆိုရန် ရောက်ရှိလာသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာ အောင်ကျော်မင်းအား စစ်တွေလေဆိပ်၌ တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်းသိရသည်။
ရခိုင်သို့ရောက်ရှိလာသောMr.ArifinMuhHadiဦးဆောင်သောအဖွဲ့တွင်အင်ဒိုနီးရှားမှ ခြောက်ဦးနှင့် မြန်
မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှ ဌာနမှူး ဦးမောင်မောင်ခင်လည်း လိုက်ပါဝင်ကြောင်းသိရသည်။
Mr. Arifin Muh Hadi အနေဖြင့်စက်တင်ဘာ (၄)ရက်နေ့တွင်ရခိုင်ပြည်နယ်မှ ပြန်လည်ထွက်ခွာမည်ဖြစ်ရာ စစ်တွေမှမထွက်ခွာမှီ ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံးပြီး ဒုက္ခသည်စခန်းများသို့ သွားရောက်မည်ဖြစ်ပြီး ကျန်အဖွဲ့များမှာ စက်တင်ဘာ ၉ ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည် လွတ်မြောက်လာသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၀န်ထမ်း ဒေါ်ချိုလေးမာသည် ၄င်း၏ သားများဖြစ်သည့် စည်သူမောင်မောင်ချို၊ ဥတ္တရညီညီချို တို့နှင့်အတူ Mr. Arifin Muh Hadi တို့ စီးနင်းလိုက်ပါလာသည့် Air Mandalay လေယာဉ်ဖြင့် ယနေ့မနက် ၉း၁၅ တွင် စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာသွားခဲ့သည်။
သြဂုတ်လ (၂၉) ရက်နေ့ကလည်း အိန္ဒိယသံအမတ်ကြီး Mr. H-E.Dr. VS. Seshatii Imr သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့်တွေ့ဆုံ၍ အမေရိကန်ဒေါ်လာ နှစ်သိန်းကို ဒုက္ခသည်များအတွက်လှူဒါန်းပြီး စစ်တွေမြို့ မင်းဂံဒုက္ခသည်စခန်းနှင့် သက္ကေပြင်ဒုက္ခသည်စခန်းများကို လှည့်လည်ကြည့်ရှု၍ စစ်တွေမြို့၌ ကုလားတန်စီမံကိန်းဆောင်ရွက်နေသော Essar ကုမ္မဏီ၏စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးကာ ယင်းနေ့ညနေပိုင်းတွင် စစ်တွေမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွားသွားခဲ့ကြောင်း သိရသည်။
Arakan Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1