Friday, August 31, 2012

ဒေါက်ဖိနပ်စီးခြင်း

Ever November | 8/31/2012 09:29:00 AM | Best Blogger Tips

ပျမ်းမျှ အားဖြင့် ဗြိတိန် အမျိုးသမီး များဟာ ၃.၃လက်မ အမြင့် ရှိ ဒေါက်ဖိနပ် ကို စီးကြပြီး တစ်ခါတစ်ရံမှာ ဆိုရင် ၆ လက်မ ဒေါက်မြင့်ဖိနပ်ကိုတောင် စီးကြတယ်လို့ လေ့လာတွေ့ရှိချက်အရ သိရှိရပါတယ်။
ဖိနပ်ကုမ္ပဏီတစ်ခုမှ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ဒိန်းမတ်ခ်၊ ဗြိတိန် စသည့်နိုင်ငံများရှိ အမျိုးသမီးလေးထောင်နီးပါးခန့်ကို မေးမြန်းခဲ့ရာ ဗြိတိန်အမျိုးသမီးများ ပျမ်းမျှအားဖြင့် စီးသော ဒေါက်ဖိနပ်အမြင့်မှာ ၃.၃ လက်မ၊ စပိန်အမျိုးသမီးများမှာ ၃.၂ လက်မ၊ ဒိန်းမတ်ခ်အမျိုးသမီးများမှာ ၃ လက်မ၊ ဂျာမန်အမျိုး သမီးများမှာ ၂.၇ လက်မ၊ ပြင်သစ်အမျိုးသမီးများမှာ ၂.၄ လက်မအမြင့်ရှိ ဒေါက်ဖိနပ်ကို စီးကြကြောင်းတွေ့ရှိခဲ့ကြပါတယ်။
ထိုသို့ဒေါက်မြင့်ဖိနပ် စီးကြရခြင်းအကြောင်းရင်းမှာ အရပ်မြင့် သော အမျိုးသမီးများသည် အရပ်ပုသော အမျိုးသမီးများထက် ပိုပြီး မိမိကိုယ်ကိုယုံကြည်မှုရှိ၊ မှီခိုမှုကင်း၊ ဥာဏ်ပညာပိုမို ထက်မြက်ကြသည်ဟု ထိုအမျိုးသမီးများက ခံယူထားခြင်းကြောင့် ဖြစ်ပါတယ်။ ထိုအယူအဆဟာ မှားတယ်၊ မှန်တယ် မည်သူမှ မဆုံးဖြတ်နိုင်သေးသော်လည်းအမျိုးသမီးအများစုကတော့ထိုအယူအဆကြောင့် ဒေါက်မြင့်ဖိနပ်စီးခြင်း၏
ဒုက္ခများကို ဘယ်လောက် ပဲခံနေရပါစေ စီးနေကြမြဲဖြစ်ပါတယ်။
ဇင်မာမြင့်Ref:UPI
Health Digest

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1