Saturday, August 18, 2012

ရုပ်သံ ဇာတ်လမ်းတွဲ တစ်ခုမှာ သရုပ်ဆောင်မယ့် ဥာဏ်လင်းအောင် ဗုဒ္ဓဘုရား ဖြစ်စဉ်တော် အကြောင်း သီချင်းတစ်ပုဒ် ဆိုထား

Ever November | 8/18/2012 08:13:00 PM | Best Blogger Tips

အဆိုတော် ဥာဏ်လင်းအောင်က အခုဆိုရင် ရုပ်သံ ဇာတ်လမ်းကို ရိုက်တော့ မှာ ဖြစ်ပါတယ်။ အဲဒီကားကတော့ The Classic ဆိုတဲ့ ဂီတကားကို မှီငြမ်းပြီး ပြန်ရိုက်မှာ ဖြစ်ပြီး ပြည်တွင်း ရုပ်သံလိုင်းတွေမှာ အပိုင်းနဲ့ လွှင့်မယ် လို့လည်း သိရပါတယ်။ အဲဒီဇာတ်ကား ရိုက်ကူးဖို့ကိုတော့ Laser World ကုမ္ပဏီက ကမ်းလှမ်းတာဖြစ်ပြီး အဲဒီကားမှာ ဥာဏ်လင်းအောင်က ဂီတဆရာ တစ်ဦး အနေနဲ့ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ “ကျွန်တော်က မော်ဒယ် တစ်ယောက်နဲ့ တွဲရမယ်။ မင်းသားက ရှာနေတုန်းပဲ။ အဲဒါ ရတာနာနဲ့ ရိုက်မှာပါ။ ဇာတ်ညွှန်းတွေလည်း ရပြီးပြီ။ ကိုရီးယားကား The Classic ကားထဲ မှာပါတဲ့ Theme Song ကို ကျွန်တော်က ပြန်ဆိုမယ်။ အဲဒါ မင်းသား ထပ်ရှာပြီးတာနဲ့ ရိုက်မှာပါ” လို့ပြောတဲ့ ဥာဏ်လင်းအောင်က ဗီဒီယိုကားတွေ ရိုက်ဖို့ ကျတော့လည်း သိပ်တော့ မလုပ်ဖြစ်ပါဘူးလို့ ဆိုပါတယ်။ “နှစ်ဖက် ကျတော့ တစ်ဖက် ဖက်မှာအားလျော့ သွားတာမျိုးဖြစ်မှာစိုးလို့။ အဲဒီလောက်ကြီးလည်း မလုပ်နိုင်သေးဘူး ထင်တယ်။ အခုဟာကလည်း ကျွန်တော် ကြိုက်တဲ့ ပုံစံမျိုးမို့လို့ပါ။ ကျွန်တော်က ဂီတပညာရှင် အနေနဲ့ ကောင်မလေးကို သင်ပေးတဲ့ ဇာတ်ရုပ်ပါ” လို့ ပြောတဲ့ ဥာဏ်လင်းအောင်က ငယ်ငယ်တုန်း ကတော့ ကြီးလာရင် မင်းသားဖြစ်ချင်တဲ့ စိတ်နည်းနည်းတော့ ရှိတယ်လို့လည်း သိရပါတယ်။ “၅တန်း၊ ၆တန်းလောက်မှာမှ အဆိုတော် ပိုးဝင်လာတယ်။ လုပ်ရင်တော့ ဖြစ်မယ် ထင်ပါတယ်။ လုပ်နိုင်မယ် လို့လည်း ထင်ပါတယ်။ ငယ်ငယ်က ဗီဇလည်းပါပါတယ်။ ကြိုးစား ရမှာပေါ့။ ဒါပေမဲ့ ယတိပြတ်ကြီးတော့ ပြောလို့မရပါဘူး” လို့ ဥာဏ်လင်းအောင် ကပြောပါတယ်။ ဥာဏ်လင်းအောင်က ခင်သီတာခိုင် စီစဉ်တဲ့ ဘုရား သီချင်းခွေ တစ်ခွေမှာလည်း သီဆိုထားပါတယ်။ အဲဒီအခွေ ကတော့ ကြာနေ ပြီ ဖြစ်ပြီး ဘုရားဖြစ်စဉ် အကြောင်း စပ်ဆိုထားတဲ့ သီချင်း အများစု ပါဝင်တဲ့ အတွဲခွေ ဖြစ်ပါတယ်။ “ဘုရားသီချင်း ဆိုပေမယ့် ပုံစံက မော်ဒန်ရော့ခ် ပုံစံပဲ။ ဒီဘက်ခေတ် လူငယ်တွေ အနေနဲ့လည်း နားဝင်အောင် လုပ်ထားတယ်။ ဘုရား ဇာတ်တော် အကြောင်းကို သီချင်းစပ်ဆို ထားတာပါ။ တခြား သူတွေလည်းပါတယ်။ ကိုဇာနည်တို့၊ ဖြိုးကြီးတို့၊ သီရိဆွေ တို့လည်းပါတယ်။ အဲဒါလေးတော့ ရှိတယ်။ MTV လည်း ရိုက်ပြီးပြီ။ ထွက်မလာသေးတာပဲ ရှိတယ်” လို့ ပြောတဲ့ ဥာဏ်လင်းအောင် က ကြော်ငြာတွေနဲ့ ဗီစီဒီတွေလည်း ရိုက်ကူး ထားတာတွေ ရှိပါတယ်လို့ ဆိုပါတယ်။ ဥာဏ်လင်းအောင် ရဲ့ ဒုတိယ စီးရီးကတော့ မကြာခင်မှာ ထွက်လာမှာ ဖြစ်ပြီး အဲဒီထဲက သီချင်းတွေ ကိုတော့ သူကိုယ်တိုင်လည်း အားရတယ် လို့ပြောပါတယ်။ အဲဒီစီးရီး သစ် ထွက်မလာ သေးပေမယ့် ဗီစီဒီ ရိုက်ဖို့ကို နေရာရွေးထားပြီးပြီလို့ သိရပါတယ်။ “၁၁လပိုင်းမှာ စီဒီ ထွက်မယ်။ ပြီးတာနဲ့ ပင်းတယ ဘက်ကို ဗီစီဒီ သွားရိုက် မယ်။ အဲဒီမှာ ကျွန်တော့် အဒေါ်တို့ ဦးလေးတို့ ဟိုတယ် ရှိတယ်။ အဲဒီဘက်က ရှုခင်းတွေက တအား လှတယ်။ အများစုက ကလောဘက်ကိုပဲ သွားတာ များတယ်။ ပင်းတယဘက်တော့ သိပ်မသွားကြဘူး။ အဲဒီဘက်မှာက MTVပုံစံရိုက်လို့ကောင်းတဲ့ နေရာတွေ ရှိတယ်။ အဲဒါ ကြောင့်သွားရိုက်မှာပါ”လို့ဥာဏ်လင်းအောင်က ပြောခဲ့ပါတယ်။

ရဲရဲ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1