Saturday, August 18, 2012

ဂီတ သက်တမ်းနှစ် ၅၀ပြည့် ဖျော်ဖြေပွဲ ပြုလုပ်မည့် အဆိုတော် မေရွက်ဝါ နှင့် သမီးဖြစ်သူ ဆန်းသစ်လ၏ ပီတိစကား

Ever November | 8/18/2012 08:29:00 PM | Best Blogger Tips

တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ အဆိုတော်တွေက သူတို့ရဲ့ ဂီတ သက်တမ်းပြည့်တဲ့ နှစ်တွေမှာ မှတ်တိုင်တစ်ခု ဖြစ်အောင်ပွဲလေး တွေ လုပ်ကြပါတယ်။ တစ်ချိန်က အောင်မြင် ခဲ့တဲ့ သီးချင်းတွေကို အခုခေတ် လူငယ်တွေ အတွက် လက်ဆင့်ကမ်း အမွေပေးခဲ့တဲ့ အနေနဲ့ ပွဲလေးတွေ လုပ်လာကြတာကို ပရိသတ်တွေ မြင်တွေ့ ကြ မှာဖြစ်ပါတယ်။ တစ်ခေတ် တစ်ခါက ပရိသတ်တွေကြားမှာ နေရာတစ်နေရာ အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင် တစ်ယောက် ကတော့ အဆိုတော် မေရွက်ဝါပဲဖြစ်ပါတယ်။ အဆိုတော် မေရွက်ဝါ ကလည်း ဂီတသက်တမ်း နှစ်၅၀ပြည့် အမှတ်တရ ပွဲလေးတစ်ပွဲ စီစဉ်နေပြီ ဖြစ်ပါတယ်။ ဂီတသက်တမ်း နှစ်၅၀ပြည့်ပွဲလေးမှာ သမီးဖြစ်သူ ဆန်းသစ် လ နဲ့ အတူ သီချင်းတွေ ဆိုဖို့ စီစဉ်ထားတယ်လို့  ပြောတဲ့ မေရွက်ဝါက “ကျွန်မက အနုပညာမျိုးဆက် အမွေပေးမှာဖြစ်တဲ့ အတွက် ဒီပွဲလေးလုပ်မှာပါ။ သီချင်း အဟောင်းတွေနဲ့ ပြန်တင်ဆက်မယ်” “တစ်ချိန်က ကျော်ကြားခဲ့တဲ့ စုံတွဲ သီချင်းတွေကို ကျွန်မက လက်ဆင့် ကမ်းပြီးတော့ အမွေပေးမှာပါ။ ဒီပွဲလေးကို အချိန် လေးတော့ ယူရမှာ။ ခမ်းခမ်းနားနားလေး နဲ့တင်ဆက်သွားမယ်။ ပွဲလေးကိုခေတ်သုံး ခေတ်ပုံစံ နဲ့လုပ်သွားမယ်။ လူကြီး၊ လူလတ်၊ လူငယ်တွေနဲ့လည်း တင်ဆက်ဖို့ စီစဉ်ထားတယ်။ ကျွန်မသမီး နဲ့ဇော်ပိုင်၊ စိုင်းစိုင်း ခမ်းလှိုင်၊ Rဇာနည် တို့နဲ့လည်း တွဲဆိုခိုင်းဖို့ရှိ တယ်။ စုံတွဲအနေနဲ့ ပြန်ဆိုခိုင်းမှာ။ ကျွန်မက တစ်ပုဒ်၊နှစ်ပုဒ်လောက်ပဲဆိုမှာ။ သမီးကိုပဲ ဆိုခိုင်း မှာပါ”လို့ ပြောတဲ့မေရွက်ဝါ က သမီး ဖြစ်သူ ဆန်းသစ်လကိုလည်း အဆိုပိုင်းမှာ အပြစ်အနာဆာ မရှိအောင်သင်ထားပေးကြောင်း ပြောပါတယ်။ အဆိုတော်မေရွက်ဝါ က အနု ပညာမျိုး ဆက်ဖြစ်တဲ့ ဆန်းသစ်လကိုတော့ အနုပညာ အမွေတွေကို လက်ဆင့် ကမ်းပေးနေပါတယ်။ အမေဖြစ်သူ ကလည်း အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တဲ့အတွက် သမီး ဖြစ်သူဆန်းသစ်လကို အနုပညာ အလုပ်မှာ ဘယ်လို ကူညီပံ့ပိုးဖြစ်နေလဲ ဆိုတာကို မေရွက်ဝါက.. ”သမီးကို အဆိုကနေ သရုပ်ဆောင်ဘက်ကိုကူး တာပါ။ အန်တီသူ့ကို အဓိက လမ်းကြောင်း ပေးထာတာက အဆိုပေါ့။ အဆိုပိုင်းကို ပရိသတ်တွေ လက်ခံတဲ့ အနေအထားရ အောင်သင်ပေးတယ်။ သရုပ်ဆောင်တဲ့ အပိုင်း က အသက်ငယ်တဲ့အရွယ်မှာပဲ လှုပ်ရှားတာ ပိုကောင်းတယ်။ ကျွန်မ အနေနဲ့ တော့နှစ်ဖက်စလုံးမှာ ပိုပြီး ထူးချွန်စေ ချင်တယ်။ နှစ်ဖက်စလုံးကို မလွတ် သွားအောင် သူ့ကို သင်ပေးနေတယ်။ ဘယ်ဘက်မှာအား သာသွားမလဲ ဆိုတာက ကံပေါ်မှာပဲ မူတည် တာပေါ့” လို့ပြောပါတယ်။

တွယ်တာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1