Saturday, August 18, 2012

မြန်မာဘောလုံး အသင်း အဆင့်လေး ဆင့်ထပ်မံလျော့ကျ

Ever November | 8/18/2012 07:55:00 PM | Best Blogger Tips

ဩဂုတ်လအတွက်ကမ္ဘာ့ဘောလုံးအဆင့်သတ်မှတ်ချက်များထွက်ပေါ်လာခဲ့ရာ မြန်မာ့လက် ရွေးစင် ဘောလုံး
အသင်းသည် ယခင်ကထက် အဆင့်လေးဆင့် ထပ်မံ ကျဆင်းခဲ့ကြောင်း သတင်း ရရှိသည်။ ယခုလ ၉ ရက်က ကမ္ဘာ့ ဘောလုံးအဖွဲ့ ချုပ်( ဖီဖာ) ကထုတ် ပြန်ခဲ့သည့် အဆိုပါ အဆင့်သတ် မှတ်ချက်တွင် ပြီးခဲ့သည့်လကကမ္ဘာ့အဆင့်၁၈၀တွင်ရပ်တည်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲများနှင့် ဝေးကွာ နေခဲ့သည့်မြန်မာအသင်း သည် ယခုလတွင်လည်း အဆင့် လေးဆင့် ထပ်မံကျဆင်းကာ ရမှတ် ၅၀ ဖြင့် ကမ္ဘာ့အဆင့် ၁၈၄ တွင် ရပ်တည်ခဲ့သည်။ အာဆီယံနိုင်ငံများတွင် ထိုင်း အသင်းက ကမ္ဘာ အဆင့် ၁၃၃ ဖြင့် ထိပ်ဆုံးမှရပ်တည်လျက်ရှိပြီး၊ ဗီယက်နမ်အသင်းမှာ ပြီးခဲ့သည့် ကာလထက် ၂၆ ဆင့်ကျဆင်း၍ ကမ္ဘာ့အဆင့် ၁၄၆ ဖြင့် ဒုတိယ နေရာသို့ ရောက်ရှိသွားခဲ့သည်။ ဖိလစ်ပိုင် သင်းက ကမ္ဘာ့ အဆင့် ၁၅၀၊ မလေးရှား ၁၅၇၊ အင်ဒိုး နီး ရှား ၁၅၉၊ စင်ကာပူ ၁၆၂၊ ကမ္ဘောဒီးယား ၁၉၁ ၊ လာအို ၁၉၄၊ ဘရူ နိုင်း ၂၀၂၊ တီမောအသင်းက ကမ္ဘာ့  အဆင့် ၂၀၅ တို့တွင် ရပ်တည် လျက်ရှိကာ မြန်မာအသင်းသည် အရှေ့တောင်အာရှနိုင်ငံများအ နက် အဆင့် ၇ တွင် ရောက်ရှိနေ သည်။ ကမ္ဘာ့ အဆင့် ၁ နေရာတွင်မူ စပိန်အသင်းက ဆက်လက်ရပ် တည်လျက်ရှိပြီး ၄င်း၏နောက် တွင် ဂျာမနီ၊ အင်္ဂလန်၊ ဥရုဂွေး၊ ပေါ်တူဂီ ၊ အီတလီ ၊ အာဂျင်တီးနား ၊ နယ်သာလန် ၊ ခရိအေးရှား ၊ ဒိန်းမတ် အသင်း များက အစဉ်လိုက်ရပ်တည်လျက် ရှိသည် နာမည်ြကီးဘရားဇီး အသင်း မှာ မူယခင်ထက် အဆင့် နှစ်ဆင့်ထပ်မံကျဆင်းကာ ကမ္ဘာ့ အဆင့် ၁၃ တွင် ရပ်တည်လျက်ရှိ သည။် အာရှ နိုင်ငံများတွင် ဂျပန် အသင်းက ကမ္ဘာ့အဆင့် ၂၂ ဖြင့် ဦးဆောင်ထားသည်။
7 Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1