Monday, August 6, 2012

အနှစ်သက်ဆုံး ပန်းချီကားတစ်ချပ်ပေါ် ခံစားခြင်း ပွင့်နဒီမောင်

Ever November | 8/06/2012 09:19:00 PM | Best Blogger Tips

ပန်းချီ ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ချင်လဲ။
ပန်းချီဆိုတာ စိတ်ကူး သက်သက်ကို ခံစားပြီး ရေးဆွဲထား တဲ့ ခံစားမှုတစ်ခုလို့ ပိုးအိအဓိပ္ပါယ် ဖွင့်ချင်ပါတယ်။
ပန်းချီပြခန်းတွေ သွားဖူး လား။
တကူးတကတော့ ပန်းချီ ပြခန်းကို မသွားဖူးဘူး။ ကားရိုက် ရင်းနဲ့တော့ ရောက်ဖူးတယ်။ ရောက်ရင်တော့ လျှောက်ကြည့်ဖြစ် တယ်။
ကိုယ်တိုင်ရော ပန်းချီဆွဲ ဖူးလား။
ကိုယ်တိုင်ကတော့ ပန်းချီ မဆွဲဖူးပါဘူး။ သူများဆွဲထားတာ တော့ ခံစားတတ်တယ်။ ပန်းချီကား တစ်ခုကို ကြည့်လိုက်ရင် စိတ်ခံစား မှုတစ်ခုတော့ ရတယ်လို့ထင်တယ်။
အပူရောင်၊ အအေးရောင် ဘယ်အရောင်ကိုကြိုက်လဲ။
ဘယ်အရောင်ရယ်လို့ မဟုတ်ဘဲ ကာလာစုံပါတာကိုကြိုက် တယ်။ ခံစားမှုပေးနိုင်တယ်ဆိုရင် ဘယ်အရောင်ပဲဖြစ်ဖြစ်ကြိုက်ပါ တယ်။
သဘာဝရှုခင်းပန်းချီ၊ မော် ဒန်ပန်းချီ၊ လူပုံစံ ပန်းချီတွေမှာ ဘယ်ပန်းချီကိုကြိုက်လဲ။
ကိုယ့်စိတ်ကို ခံစားမှုပေး နိုင်တဲ့ ပန်းချီကိုကြိုက်တယ်။ များ သောအားဖြင့် သဘာဝရှုခင်းပန်းချီ တွေကို ကြိုက်တယ်။ ကိုယ်တကယ် အဲဒီနေရာ ရှုခင်းကို ရောက်သွား သလို ခံစားရတယ်။
အခုရွေးထားတဲ့ ပန်းချီ ကားအပေါ်ခံစားမှုက
ဒီပန်းချီကားက အပေါက် တစ်ပေါက်ရဲ့ အဝကနေ အဝေးက ရှုခင်းကို လှမ်းယူပြီး ဆွဲထားတာ။ အပေါက်နားမှာ ပန်းချီဆရာ ပန်း ချီဆွဲနေတယ်ဆိုတာ ခံစားလို့ ရသလို ပိုးအိက အဝေးရှုခင်းတွေ ကိုကြိုက်တယ်။ ပြတင်းပေါက်တွေ၊ အပေါက်ဝတွေပါတာကို ကြိုက်လို့ရွေးဖြစ်တာပါ။
ကိုယ်တိုင် ဒီပန်းချီကားကို နာမည်ပေးရင်..
ဗ. ဒီကားက ရှုခင်းပုံဆိုတော့ အမြင်လေးတစ်ခုရှိတယ်လို့သိရ တယ်။ ပိုးအိက “စိတ်ကူးအလှ ထွက်ပေါက်” လို့ ကိုယ်ဘာသာ ကိုယ် နာမည်ပေးချင်တယ်။
 ပန်းချီပညာရှင်တွေကို ပ ညာရှင်ဖြစ်အောင် တိုက်တွန်း အား ပေးစကား..
ဗ. ပိုးအိပြောချင်တာက ပထ မ ဆုံးခြေလှမ်းကို ယုံယုံကြည်ကြည် နဲ့ စလှမ်းလိုက်ပါ။ နောက်ခြေလှမ်း တွေလည်း တဖြည်းဖြည်း ပေါ်လာ မှာပါလို့။ ပထမခြေလှမ်း မလှမ်းဘဲ ရပ်နေရင် နောက်ခြေလှမ်းဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူးလို့ တိုက် တွန်းအားပေးချင်ပါတယ်။ ပိုးအိက တော့ ပရိသတ်တစ်ယောက်လိုပဲ အားပေးနေမှာပါလို့။
 မြတ်သူအောင်
8 Days Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1