Friday, August 24, 2012

သီရိမင်္ဂလာဈေးဟောင်း အနီးရှိ ရေထွက်မြောင်း ပိတ်ဆို့မှုကြောင့် အေးရှားဝေါလ် ကုမ္ပဏီကို ဆန္ဒပြ

Ever November | 8/24/2012 09:04:00 PM | Best Blogger Tips

သီရိမင်္ဂလာဈေးဟောင်းအနီးရေထွက်မြောင်းကို အေးရှားဝေါလ်ဆိပ်ကမ်းမှကွန်ကရစ်ဘလောက်တုံးများဖြင့် ပိတ်ဆို့လိုက်ခြင်းကြောင့်အနီးရှိလူနေရပ်ကွက် ရေလျှံလာပြီးနောက်ယနေ့မွန်းလွဲ၃နာရီမှစတင်ကာ အေး
ရှားဝေါလ် ကုမ္ပဏီကို လူရာနှင့်ချီ ဆန္ဒပြလျှက်ရှိသည်။

ရေမြောင်းဖွင့်ပေးရန် ဆန္ဒပြ
ကြွေးကြော်နေကြသည့်ပြင် ည ၈ နာရီကျော်ဝန်းကျင်တွင် ခဲများဖြင့် ပစ်ပေါက်လျှက်ရှိသည်ကိုလည်း တွေ့ရကြောင်း ရောက်ရှိနေသည့် သတင်းထောက်က ပြောသည်။

ယနေ့ မွန်းလွဲပိုင်း မိုးရွာသွန်းပြီးနောက် အေးရှားဝေါလ် ဆိပ်ကမ်းအနီးရှိ ရပ်ကွက်နှင့် လမ်းများ ရေကြီးလာရာ ရေထွက်မြောင်း ပိတ်ဆို့လိုက်သည့် အေးရှားဝေါလ် ကုမ္ပဏီ အား ရပ်ကွက်ခံများက လူစုလူဝေးဖြင့် ဆန္ဒပြခဲ့ကြရာ ယခုည ၈နာရီကျော်သည်အထိ လူရာနှင့်ချီရှိနေဆဲ ဖြစ်သည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။

ဆန္ဒပြမှု ဖြစ်ပွားသည့်နောက်ညနေ ၅ နာရီဝန်းကျင်မှ စတင်ကာ အေးရှားဝေါလ် ဆိပ်ကမ်းမှ ကွန်ကရစ်တုံးများအား ဖယ်ရှားနေခဲ့သည်။ သို့ရာတွင် ဆန္ဒပြသူ လူစုလူဝေးမှာ တဖြည်းဖြည်း များပြားလာကာ ည ၈ နာရီဝန်းကျင်အချိန်တွင် လူ ၁ ထောင်နီးပါးရှိသည်ဟု YPI သတင်းထောက်က ပြောသည်။

အေးရှားဝေါလ် ကုမ္ပဏီမှ ယင်းရေထွက်မြောင်းကို မည်သည့်အကြောင်းကြောင့် ပိတ်ဆို့လိုက်သည်ဟု မသိရှိရသော်လည်း ကုန်သေတ္တာတင်ကားများ ၀င်ထွက်နိုင်ရန် ဖြစ်သည်ဟု ရပ်ကွက်နေသူ တဦးက ဆိုသည်။
YPI facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1