Friday, August 24, 2012

လွှတ်တော်တွင် မှတ်တမ်းတင်မည့် သမ္မတ ဦးသိန်းစိန်သဝဏ်လွှာ ဆိုင်းငံ့

Ever November | 8/24/2012 11:01:00 AM | Best Blogger Tips

သမ္မတ ဦးသိန်းစိန်၏ သဝဏ်လွှာနှင့်ပူးတွဲသုံးသပ်ချက်အား မှတ်တမ်းတင်ရေးကို သြဂုတ်လ ၂၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းရန် စီစဉ်ထားခဲ့သော်လည်း ကန့်ကွက်လွှာ ရောက်ရှိလာသည့်အတွက် မှတ်တမ်းတင်မည့်အစီအစဉ်အား ဆိုင်းငံ့ထားလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥက္ကဌက ကြေငြာခဲ့သည်။
အဆိုပါ ပဋိပက္ခ သုံးသပ်ချက်မှတ်တမ်းတွင် ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်၊ ဆူပူမှုများမှာ RNDP နှင့်ရခိုင်မျိုးချစ်ခေါင်းဆောင်းများ၊ဘာသာရေး ခေါင်းဆောင်များ၏ သွေးထိုးလှုံဆော်မှုများကြောင့်
 ဖြစ်ပေါ်ရခြင်း သည်ဟု အပြစ်ပုံချရေးသားထားကြောင်း သိရသည်။
RNDP မြေပုံမြို့နယ်ကိုယ်စားပြု ဦးသိန်းဖေက " အဲဒီအချက်တွေကို ကျနော်တို့က ကန့်ကွက်လွှာ တင်တာပေါ့ဗျာ။ ကျနော်တို့က ကန့်ကွက်လွှာတင်တဲ့အတွက် အဲဒီအစီအစဉ်ကို ဒီနေ့လွှတ်တော် နာယကမှာအဲဒီကန့်ကွက်တဲ့သူရှိလာတဲ့အတွက်အစီအစဉ်နံပါတ်ငါးကို ရွှေ့ထားလိုက်ပါတယ်ဆိုပြီးတော့
 ကြေငြာသွား ပါတယ်။ " ဟု ပြောသည်။
ပဋိပက္ခသုံးသပ်ချက်မှတ်တမ်းတင်ရေးအစီအစဉ်အားဆိုင်းငံထားလိုက်သော်လည်း ပြည်ထောင်စုလွှတ်တာ် အစည်းအဝေးတွင် ယခုသုံးသပ်ချက် အစီအစဉ်အတိုင်း ထည့်သွင်းထားမည်ဆိုပါက ဆက်လက်၍ ပြတ်ပြတ်သားသား ကန့်ကွက်သွားရမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
"ကျနော်တို့ကန့်ကွက်တဲ့အတွက်ဒီနေ့အဲဒီအစီအစဉ်ပါမလာတော့ဘူး။ နောက်နေ့မှ ပြန်ပါလာမယ့်သဘော
 ပေါ့၊ ဘယ်နေ့ ပြန်ပါလာမယ့်ဆိုတာတော့ မသိဘူး။ ခေတ္တရွှေ့ထားလိုက်တယ်လို့တော့ ကြေငြာပါတယ်။ တကယ်လို့ သုံးသပ်ချက်တွေ ပြောင်းလဲမှုမရှိဘဲ ဒီအတိုင်းပြန်ပါလာမယ်ဆိုရင် ကျနော်တို့က ပြတ်ပြတ်သားသား ထပ်ပြီး ကန့်ကွက်ရမှာဘဲ " ဟု ဆက်လက်၍ပြောသည်။
RNDP ပါတီ၊ ရခိုင်မျိုးချစ်များ၊ ဘာသာရေး ခေါင်းဆောင်များအား တစ်ဖက်သတ် ပြင်းပြင်းထန်ထန် အပြစ်ပုံချရေး သားထားခြင်းအပေါ် ရခိုင်လူထု တစ်ရပ်လုံးက မကျေနပ်မှုများ ဖြစ်ပွားနေကြောင်းနှင့် သမ္မတဦးသိန်းစိန်မှ ပြန်လည် တင်သွင်းလာမည့် ပဋိပက္ခသုံးသပ်ချက်အားလည်း များစွာစိတ်ဝင်စားနေကြကြောင်း သိရသည်။
Arakan Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1