Wednesday, August 22, 2012

အင်ဒိုနီးရှားတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူဦးရေ ၆ ဦးအထိ မြင့်တက်လာ

Ever November | 8/22/2012 03:14:00 PM | Best Blogger Tips

အင်ဒိုနီးရှား အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်တစ်ခုကြောင့် သေဆုံးသူဦးရေမှာ ယခုအချိန်တွင် ခြောက်ဦးအထိ မြင့်တက် လာခဲ့ကြောင်း သြဂုတ် ၂၁ ရက်တွင် ဒေသတွင်း အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါငလျင်သည် ပြင်းအား ၆ ဒသမ ၃ ပမာဏရှိပြီး ဆူလာဝေစီကျွန်းတွင် သြဂုတ် ၁၈ ရက်က လှုပ်ခတ်ခဲ့သည်ဟု သိရသည်။ ငလျင်ဒဏ်ကြောင့် အိမ်ခြေပေါင်း ၄၀၀ ကျော် ပျက်စီးခဲ့ရပြီး ၄၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကိုးနှစ်အရွယ် ယောကျာ်းလေးတစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးခဲ့ရကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနူဂရိုဟိုက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ယခုအချိန်အထိ ကယ်ဆယ်ရေးအဖွဲ့များကို မစေလွှတ်ရသေးကြောင်း၊ ထို့ကြောင့် သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ ၄င်းနေရာများသို့ အကူအညီပေးနိုင်ရေးအတွက် ရဟတ်ယာဉ်နှစ်စင်းကို ပေးပို့သွားမည်ဖြစ်ကြောင်း ဆူတိုပိုက ထပ်လောင်းပြောကြားခဲ့သည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1